Honor က X10 Series ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Honor 10X Lite လို့ နာမည်ပေးထားပြီး X10 5G နဲ့ X10 Max 5G တို့ထက် ဈေးပို သက်သာပါတယ်။ Honor 10X Lite မှာ စွမ်းရည်သင့် Specs တွေ ထည့်သွင်းထားပြီး အရွယ်ကြီး 5,000mAh ဘက်ထရီနဲ့ 22.5W Fast Charging က ဒီဖုန်းရဲ့ အမိုက်ဆုံး စွမ်းရည်လို့ ပြောနိုင်ပါတယ်။

Honor 10X Lite goes official with Kirin 710 and 5,000 mAh battery

10X Lite မှာ ၆.၆၇ လက်မ IPS LCD FHD+ မျက်နှာပြင် ထည့်သွင်းထားပြီး 8MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပါတယ်။ ဘေးဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်သွင်းထားပြီး အောက်ခြေမှာ နားကြပ်ပေါက်နဲ့ Type-C Connector တပ်ဆင်ထားပါတယ်။

Honor 10X Lite goes official with Kirin 710 and 5,000 mAh battery

အနောက်ကင်မရာတွေ အကြောင်း ပြောရရင် 48MP Main , 5MP Ultrawide , 2MP Macro နဲ့ 2MP Depth ၄ လုံး ထည့်သွင်းထားပါတယ်။ Kirin 710 Chipset , 4GB RAM နဲ့ 128GB Storage ပါတဲ့အပြင် microSD Card စိုက်နိုင်ပါတယ်။ Android 10 အခြေပြု Honor Magic UI 3.1 မောင်းနှင်ထားပြီး GMS အစား Huawei HMS ပဲ ထည့်ထားပါတယ်။

Honor 10X Lite ကို ဆောဒီအာရေးဗီးယားမှာ 799 SAR နဲ့ ရောင်းပေးလိုက်ပြီ ဖြစ်ပြီး ၂ သိန်း ၇ သောင်းလောက်ပဲ ကျသင့်မှာပါ။ Icelandic Frost , Midnight Black နဲ့ Emerald Green ၃ ရောင် ထုတ်လုပ်ထားပြီး မကြာခင် တခြားနိုင်ငံတွေမှာ ရောင်းမှာပါ။

Ref : gsmarena