Honor ဟာ မကြာခင်မှာ မနှစ်တုန်းကအောင်မြင်တဲ့ Honor 9X စမတ်ဖုန်းတွေရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ Honor 10X Series ဖုန်းတွေကို မိတ်ဆက်ဖို့ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Digital Chat Station ရဲ့ ဖော်ပြချက်မှာတော့ အဆိုပါ Honor 10X Series ဖုန်းတွေကို နာမည်ပြောင်းလဲလာနိုင်တယ်လို့ သိရပါတယ်။

ဒါကတော့ Honor ကနေ Honor 10X အစား Honor X10 ဆိုပြီး ပြောင်းလဲပြီး မိတ်ဆက်သွားမှာဖြစ်ပြီး Huawei Forum Website မှာလည်း Honor X10 ဆိုပြီး Section တစ်ခုကို ယာယီတွေ့ရှိခဲ့တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Honor 10X ဖုန်းကို နာမည်ပြောင်းသွားဖို့က သေချာသလောက်ဖြစ်နေပါပြီ။

ဒီလိုမျိူး နာမည်ပြောင်းရတာက Redmi ကနေ မကြာခင်မှာ Redmi 10X နာမည်နဲ့ Specs အရရော စျေးနှုန်းအရရော ဆင်တူတဲ့စမတ်ဖုန်းအသစ်ကို မိတ်ဆက်မှာကြောင့်ဖြစ်တယ်လို့ ယူဆရပါတယ်။ Honor အနေနဲ့ Redmi နဲ့ နာမည်ဆင်တူတဲ့ဖုန်းကို မိတ်ဆက်ပြီးတော့ အသုံးပြုသူတွေ နာမည်ရောထွေးကုန်မှာကို မလိုလားတဲ့ပုံစံပါပဲ။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး နာမည်ပြောင်းမလားဆိုတာကတော့ လက်ရှိအချိန်အထိ အတည်ပြုနိုင်ခြင်းမရှိသေးသလို Xiaomi ကနေလည်း Redmi 10X ဖုန်းကို မိတ်ဆက်သွားမယ်ဆိုပြီး တရားဝင် ပြောကြားထားခြင်းမရှိသေးတဲ့အတွက် ဘယ်လိုဖြစ်မလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Giz China