Huawei ရဲ့ ကုမ္ပဏီခွဲ Honor က မတ်လ ၁၅ ရက်နေ့ကစပြီး Honor 20 , 20 Pro နဲ့ View 20 တို့အတွက် Magic UI 3.0 Update ဖြန့်ချိပေးမယ်လို့ ကြေညာလိုက်ပါတယ်။ ကုမ္ပဏီက Honor 9X အတွက် EMUI 10 ကိုလည်း ဖြည်းဖြည်းချင်း ဖြန့်ချိပေးတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Honor က Magic UI 3.0 ကို  Honor 10, 10 Lite, 20 Lite, 8X, 9X Pro နဲ့ V10 တို့အတွက် စမ်းသပ်နေတယ်လို့ ပြောပေမယ့် ဖြန့်ချိမယ့် အချိန်အတိအကျကို မပြောသေးပါဘူး။

Magic UI 3.0 မှာ စမတ်ဖုန်းကို မြန်မြန်ဆန်ဆန် သုံးနိုင်မယ့် UX Design အသစ်ကို အသုံးပြုထားပြီး စာဖတ်ရတာ ရှင်းလင်းအောင် ဖန်တီးပေးထားပါတယ်။ ရုပ်ထွက်တွေ ရှုပ်ရှုပ်ထွေးထွေး မဖြစ်အောင် ပြုလုပ်ပေးထားတဲ့အတွက် ဖုန်း သုံးရတာ ပိုသွက်လက်လာပါမယ်လို့ ဆိုပါတယ်။ Normal Mode နဲ့ Dark Mode တွေ ပြောင်းသုံးရင် အရောင်ထုတ်လုပ်မှု အဆင်ပြေအောင် ပြုလုပ်ပေးထားပါတယ်။

Magic UI 3.0 မှာ Multi-screen Collaboration ပိုကောင်းလာတဲ့အတွက် အလုပ်ကိစ္စတွေ ပူးပေါင်းလုပ်ဆောင်ရတာ ပိုမိုက်လာပါတယ်။ Honor က ဓါတ်ပုံ အပိုင်းကို ပိုကောင်းအောင် ပြုလုပ်ပေးထားပြီး အခုဆိုရင် ဓါတ်ပုံ မရိုက်ခင်မှာ Viewfinder ကနေ Filters တွေရဲ့ အလုပ်လုပ်ပုံကို ကြည့်နိုင်ပါတယ်။

Camera App ရဲ့ ဒီဇိုင်းက ပိုခေတ်မှီလာပြီး Objects တွေကို Zoom လုပ်ရင် ပိုလွယ်ကူလာပါတယ်။ Honor ဖန်တီးထားတဲ့ Trusted Execution Environment OS နဲ့ App Sandboxing တွေပါတဲ့အတွက် လုံခြုံရေး ပိုကောင်းလာပါတယ်။

Ref : gsmarena