Honor က တန်ဖိုးနည်း စွမ်းရည်နိမ့် 200 Lite ကို ကြေညာလိုက်ပြီး ငွေသိပ်မသုံးချင်ဘဲ ကောင်းမွန်တဲ့ Feature တွေ သုံးချင်သူတွေအတွက် ရည်ရွယ်ထားပါတယ်။

Honor 200 Smart

Honor 200 Smart မှာ 6.8” LCD 2412x1080p Display တပ်ဆင်ထားပြီး မာကျောတဲ့ Glass ကို အသုံးပြုထားပါတယ်။ Snapdragon 4 Gen 2 Processor မောင်းနှင်ထားပြီး Browser နဲ့ လူမှုကွန်ရက် App တွေ သုံးတာ၊ ဗီဒီယို ကြည့်တာတွေလို နေ့စဉ် အလုပ်တွေအတွက် အဆင်ပြေပါတယ်။ 4GB RAM နဲ့ 256GB Storage ထည့်သွင်းထားပါတယ်။

Honor 200 Smart

အနောက်ဘက်မှာ 50MP Main , 2MP Depth ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး Main ကင်မရာက အရည်အသွေးမြင့်မားတဲ့ ဓါတ်ပုံတွေ ရိုက်ကူးနိုင်ပါတယ်။ အရှေ့ဘက်မှာ 5MP ဆဲလ်ဖီး ကင်မရာ ပါလာပါတယ်။ အရွယ်ကြီး 5,200mAh Battery ထည့်သွင်းထားပြီး 35W Honor SuperCharge ပါလာပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး Facial Recognition ထောက်ပံ့ထားပါတယ်။

Midnight Black နဲ့ Forest Green အရောင်ထုတ်လုပ်ထားပြီး Honor Global ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ၂၁၉ ယူရိုနဲ့ ရောင်းချနေပါပြီ။

Ref : gizmochina