[Unicode]

Honor ရဲ့ နောက်ဆုံးထွက် Flagship က V30 Pro ဖြစ်ပြီး 40MP အဓိက ကင်မရာနဲ့ပါ။ ပုံမှန်အတိုင်းဆိုရင်တော့ 40MP ဆိုတာ နည်းတဲ့ပမာဏမဟုတ်ပေမယ့် 108MP ခေတ်ကိုရောက်တော့မယ့်အချိန်ဖြစ်တဲ့အတွက် 40MP ဆိုတဲ့ပမာဏက ကိန်းဂဏန်းအရေအတွက်အနေနဲ့ပဲပြောမယ်ဆိုရင် နည်းနည်းနောက်ရောက်သွားတယ်လို့ ဆိုရပါမယ်။

ဒါပေမယ့်လည်း Honor အမှတ်တံဆိပ်အနေနဲ့ ထပ်ပြီးထုတ်လုပ်မယ့် Flagship တွေကို Resolution မြင့်ဖို့ထက် Pixel အရွယ်အစားကိုပဲ ပိုပြီးအာရုံစိုက်မယ်လို့ ဆိုလိုက်ပါတယ်။ ဒီကြောင်းကို Honor ရဲ့ ဈေးကွက်ရှာဖွေရေး မန်နေဂျာ Shen Kailiang က လူမှုကွန်ရက်ကတစ်ဆင့် ထုတ်ဖော်ပြောဆိုခဲ့တာပါ။

“Pixel ပေါင်း သန်း ၁၀၀ ရဖို့ဆိုရင် Pixel အရွယ်အစားဟာ 0.8μm ကျော်ဖို့ ခက်ခဲပါတယ်။ 1μm pixel အရွယ်အစားကပဲ Flagship အရသာနဲ့ ဓါတ်ပုံအရည်အသွေးရဲ့ လိုအပ်ချက်ကို ပေးနိုင်မယ်လို့ နားလည်ထားပါတယ်။ ဒါကြောင့် ကုမ္ပဏီဟာ အခြေခံ Pixel ကြီးမားစေတဲ့ လမ်းကြောင်းကိုပဲ ရွေးချယ်ခဲ့ပါတယ်” လို့ Honor က သူတို့ရဲ့ ဆုံးဖြတ်ချက်နဲ့ ရွေးချယ်မှုကို အခုလို အသိပေးခဲ့ပါတယ်။

သီအိုရီပိုင်းအရဆိုရင်တော့ Pixel ပိုကြီးလေ၊ အလင်းအာရုံခံမှုပိုအားကောင်းလေဖြစ်ပြီး ရိုက်ကူးလိုက်တဲ့ပုံတွေကလည်း Noise တွေလျော့နည်းသလို ပိုပြီးအသေးစိတ်ကျကျ ရရှိနိုင်ပါတယ်။ ဒါပေမယ့် နီးစပ်တဲ့ pixel တွေကို ပေါင်းပြီး ကြီးမားတဲ့ Pixel တစ်ခုဖြစ်အောင်လို့ Quad Bayer အာရုံခံကိရိယာက လုပ်ဆောင်ပေးပါတယ်။ အခြေခံအားဖြင့်ဆိုရင်တော့ တူညီတဲ့ရလဒ်ဆီကိုသွားပေမယ့် ဒီနည်းလမ်းက ပိုပြီးတော့ ရှုပ်ထွေးတဲ့နည်းလမ်းလို့ ဆိုရမှာပါ။

Ref: GSM Arena

[Zawgyi]

Honor အေနနဲ႔ Resolution ျမင့္ဖို႔ထက္ Pixel အ႐ြယ္အစားကိုပဲ ပိုၿပီးအာ႐ုံစိုက္မယ္လို႔ ေႂကြးေၾကာ္

Honor ရဲ႕ ေနာက္ဆုံးထြက္ Flagship က V30 Pro ျဖစ္ၿပီး 40MP အဓိက ကင္မရာနဲ႔ပါ။ ပုံမွန္အတိုင္းဆိုရင္ေတာ့ 40MP ဆိုတာ နည္းတဲ့ပမာဏမဟုတ္ေပမယ့္ 108MP ေခတ္ကိုေရာက္ေတာ့မယ့္အခ်ိန္ျဖစ္တဲ့အတြက္ 40MP ဆိုတဲ့ပမာဏက ကိန္းဂဏန္းအေရအတြက္အေနနဲ႔ပဲေျပာမယ္ဆိုရင္ နည္းနည္းေနာက္ေရာက္သြားတယ္လို႔ ဆိုရပါမယ္။

ဒါေပမယ့္လည္း Honor အမွတ္တံဆိပ္အေနနဲ႔ ထပ္ၿပီးထုတ္လုပ္မယ့္ Flagship ေတြကို Resolution ျမင့္ဖို႔ထက္ Pixel အ႐ြယ္အစားကိုပဲ ပိုၿပီးအာ႐ုံစိုက္မယ္လို႔ ဆိုလိုက္ပါတယ္။ ဒီေၾကာင္းကို Honor ရဲ႕ ေဈးကြက္ရွာေဖြေရး မန္ေနဂ်ာ Shen Kailiang က လူမႈကြန္ရက္ကတစ္ဆင့္ ထုတ္ေဖာ္ေျပာဆိုခဲ့တာပါ။

“Pixel ေပါင္း သန္း ၁၀၀ ရဖို႔ဆိုရင္ Pixel အ႐ြယ္အစားဟာ 0.8μm ေက်ာ္ဖို႔ ခက္ခဲပါတယ္။ 1μm pixel အ႐ြယ္အစားကပဲ Flagship အရသာနဲ႔ ဓါတ္ပုံအရည္အေသြးရဲ႕ လိုအပ္ခ်က္ကို ေပးႏိုင္မယ္လို႔ နားလည္ထားပါတယ္။ ဒါေၾကာင့္ ကုမၸဏီဟာ အေျခခံ Pixel ႀကီးမားေစတဲ့ လမ္းေၾကာင္းကိုပဲ ေ႐ြးခ်ယ္ခဲ့ပါတယ္” လို႔ Honor က သူတို႔ရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ ေ႐ြးခ်ယ္မႈကို အခုလို အသိေပးခဲ့ပါတယ္။

သီအိုရီပိုင္းအရဆိုရင္ေတာ့ Pixel ပိုႀကီးေလ၊ အလင္းအာ႐ုံခံမႈပိုအားေကာင္းေလျဖစ္ၿပီး ႐ိုက္ကူးလိုက္တဲ့ပုံေတြကလည္း Noise ေတြေလ်ာ့နည္းသလို ပိုၿပီးအေသးစိတ္က်က် ရရွိႏိုင္ပါတယ္။ ဒါေပမယ့္ နီးစပ္တဲ့ pixel ေတြကို ေပါင္းၿပီး ႀကီးမားတဲ့ Pixel တစ္ခုျဖစ္ေအာင္လို႔ Quad Bayer အာ႐ုံခံကိရိယာက လုပ္ေဆာင္ေပးပါတယ္။ အေျခခံအားျဖင့္ဆိုရင္ေတာ့ တူညီတဲ့ရလဒ္ဆီကိုသြားေပမယ့္ ဒီနည္းလမ္းက ပိုၿပီးေတာ့ ရႈပ္ေထြးတဲ့နည္းလမ္းလို႔ ဆိုရမွာပါ။

Ref: GSM Arena