[Zawgyi]

ဒီတေခါက္မွာေတာ့ ကြၽန္ေတာ္တို႔ MyTech Myanmar အေနနဲ႔ HONOR Myanmar ကေန ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းကမွ မိတ္ဆက္သြားတဲ့ HONOR 20 lite အေၾကာင္းကို ေျပာျပခ်င္ပါတယ္။ HONOR 20 lite ဟာ Flagship အမ်ိဴးအစား HONOR 20 Series ထဲကေန ခြဲထြက္လာတဲ့ lite ဗားရွင္းျဖစ္ၿပီး ေစ်းႏႈန္းအားျဖင့္ ျမန္မာေငြ ၃၁၉,၀၀၀ က်ပ္ က်သင့္မွာ ျဖစ္ပါတယ္။

Performance
Processor အပိုင္းအတြက္ Mid-range SoC အမ်ိဴးအစားျဖစ္တဲ့ Kirin 710 ကို အသုံးျပဳထားတာျဖစ္ၿပီး RAM အေနနဲ႔ 4GB ပါဝင္မွာပါ။ Memory Storage ကိုေတာ့ 128GB ထည့္သြင္းေပးထားပါတယ္။ ဒါ့အျပင္ HONOR 20 lite မွာ Graphics Processing Acceleration နည္းပညာျဖစ္တဲ့ GPU Turbo 2.0 ကိုလည္း ထည့္သြင္းေပးထားတဲ့အတြက္ Gamer ေတြအေနနဲ႔ ပိုမိုေကာင္းမြန္တဲ့ Gaming Experience ေတြကို ရရွိခံစားႏိုင္မွာ ျဖစ္ပါတယ္။

Display
Display အပိုင္းအတြက္ ၆.၂၁လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ LCD Display ကို အသုံးျပဳထားတာျဖစ္ၿပီး DewDrop (Waterdrop) Notch ဒီဇိုင္းနဲ႔ ျဖစ္ပါတယ္။ HONOR 20 lite ရဲ႕ Display က Resolution 1080 x 2340 pixels နဲ႔ Pixel Density – 415 ppi ရွိတဲ့အတြက္ အရည္အေသြးေကာင္းမြန္တဲ့ Display အမ်ိဴးအစားလို႔ ေျပာရမွာပါ။ ဒါ့အျပင္ ညဘက္လိုမ်ိဴး အလင္းေရာင္နည္းတဲ့ အခ်ိန္ေတြမွာ ဖုန္းအသုံးမ်ားတဲ့သူေတြအတြက္ မ်က္လုံးထိခိုက္မႈ ေလ်ာ့နည္းေအာင္ အျပာေရာင္ အလင္းတန္းေတြကို ေလွ်ာ့ခ်ေပးမယ့္ TUV Rheinland အသိအမွတ္ျပဳ Eye-comfort Mode လည္း ပါဝင္ပါေသးတယ္။

Design
တကယ္ေတာ့ HONOR 20 lite မွာ Performance နဲ႔ Display အပိုင္းထက္ ပိုၿပီးအားရစရာေကာင္းတာက ဒီဇိုင္းနဲ႔ ကင္မရာအပိုင္းေတြ ျဖစ္ၾကပါတယ္။ HONOR 20 lite ရဲ႕ ေနာက္ေက်ာဘက္ဒီဇိုင္းဆိုရင္ 3D Color အေရာင္ေျပးပုံစံမ်ိဴး ျပဳလုပ္ထားတာ ျဖစ္တဲ့အတြက္ သူရဲ႕ ဒီဇိုင္းက အျမင္ပိုင္းအားျဖင့္ ေတာ္ေတာ္ေလး စြဲေဆာင္မႈရွိတယ္လို႔ ခံစားရေစပါတယ္။ အေရာင္ေတြအေနနဲ႔ Phantom Blue , Phantom Red နဲ႔ Midnight Black ဆိုၿပီး ၃မ်ိဴးရွိေပမယ့္ ျမန္မာႏိုင္ငံမွာေတာ့ Phantom Blue နဲ႔ Phantom Red အေရာင္ ၂မ်ိဴးကိုပဲ တင္သြင္းေရာင္းခ်တယ္လို႔ သိရပါတယ္။ တကယ္လွတာကလည္း အဲ့ဒီအေရာင္ ၂ေရာင္ပါပဲ။

Camera
ေနာက္ေက်ာဘက္ ကင္မရာအပိုင္းအတြက္ 24MP Sensor ကို Main Camera အျဖစ္ အသုံးျပဳထားၿပီး ၁၂၀ ဒီဂရီ ျမင္ကြင္းက်ယ္ဓာတ္ပုံေတြ ႐ိုက္ကူးလို႔ရတဲ့ 8MP Ultra-wide Sensor နဲ႔ 2MP Depth Sensor ေတြကို တြဲဖက္တပ္ဆင္ထားပါတယ္။ Main Camera မွာ A.I. (Artificial Intelligence) အေထာက္အပံ့ပါတဲ့အတြက္ ဓာတ္ပုံ႐ိုက္တဲ့အခါမွာ အရာဝတၳဳေတြအေပၚမူတည္ၿပီး ပိုမိုလွပတဲ့ဓာတ္ပုံေတြကို အလိုအေလ်ာက္ ရရွိေအာင္ လုပ္ေဆာင္ေပးႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ညဘက္လိုမ်ိဴး အလင္းေရာင္နည္းတဲ့အခ်ိန္ေတြမွာ အရည္အေသြးေကာင္းမြန္တဲ့ ဓာတ္ပုံေတြ႐ိုက္ကူးႏိုင္ေအာင္ Super Night Shoot (Night Mode) ကို ထည့္သြင္းေပးထားသလို 720p HD (480fps) နဲ႔ Super Slow-Motion Video ေတြ႐ိုက္ကူးႏိုင္ေအာင္လည္း ေထာက္ပံ့ေပးထားပါေသးတယ္။

Selfie Camera အတြက္ အားရစရာေကာင္းတဲ့ 32MP Sensor ကို ထည့္သြင္းတပ္ဆင္ေပးထားၿပီး၊ အဆိုပါ ကင္မရာကေန တဆင့္ Face Unlock စနစ္ကို အသုံးျပဳႏိုင္မွာပါ။ ဒါ့အျပင္ Fingerprint Sensor ကိုလည္း ေနာက္ေက်ာဘက္မွာ တပ္ဆင္ေပးထားပါေသးတယ္။ Selfie Camera မွာ အဓိကအေနနဲ႔ AI Beautification, AI Backlighting Imaging နည္းပညာေတြ ပါဝင္လာပါတယ္။ AI Beautification ဆိုရင္ မိမိ႐ိုက္ကူးထားတဲ့ Selfie ဓာတ္ပုံေတြကို A.I. နည္းပညာနဲ႔ အသားအေရ လွပေအာင္ ျပင္တာ၊ မ်က္လုံး လွေအာင္ လုပ္တာ၊ ဝက္ၿခံေတြ ဖယ္ရွားတာမ်ိဴးေတြကို လုပ္ေဆာင္ေပးႏိုင္ပါတယ္။ ဒီလိုလုပ္ဖို႔အတြက္ Gallery Application ထဲက Edit မွာ သြားေရာက္ျပဳျပင္ရမွာ ျဖစ္ပါတယ္။

AI Backlighting Imaging ကေတာ့ Selfie ဆြဲရတာ ဝါသနာပါတဲ့သူေတြအတြက္ ေတာ္ေတာ္ေလး အသုံးဝင္မယ့္ နည္းပညာလို႔ ေျပာရမွာပါ။ ဘာျဖစ္လို႔ အဲ့ဒီလိုေျပာလဲဆိုေတာ့ Selfie ဆြဲတဲ့သူ ေတာ္ေတာ္မ်ားမ်ား ႀကဳံေတြ႕ေနရတဲ့ ျပႆနာက အလင္းေရာင္ကို ေက်ာေပး႐ိုက္တဲ့အခါ လူက မဲေနတာမ်ိဴး၊ ညဘက္လို အလင္းေရာင္နည္းတဲ့ အခ်ိန္မွာ Selfie ဆြဲတဲ့အခါ မ်က္ႏွာကို ရွင္းရွင္းလင္းလင္း မျမင္ရတာမ်ိဴးေတြ ျဖစ္ေနလို႔ပါ။ အဲ့ဒီျပႆနာေတြအတြက္ HONOR 20 lite မွာ ပါတဲ့ AI Backlighting Imaging နည္းပညာက အေကာင္းဆုံး Selfie ဓာတ္ပုံေတြ ႐ိုက္ကူးႏိုင္ေအာင္ ေျဖရွင္းေပးထားပါတယ္။

Conclusion
Conclusion အေနနဲ႔ ေျပာရမယ္ဆိုရင္ ၃၁၉,၀၀၀ က်ပ္ တန္ေၾကးရွိ HONOR 20 lite က ၃၉၉,၀၀၀ က်ပ္ တန္ေၾကးရွိ Huawei P30 lite နဲ႔ ဒီဇိုင္းဆင္တူသလို Specifications ကလည္း အားလုံးနီးပါး တူညီတယ္လို႔ ေျပာရမွာပါ။ ကြဲျပားတာက Huawei P30 lite မွာ RAM 6GB, USB Type-C, Battery 3340mAh (18W Fast Charge) ပါဝင္တာ ျဖစ္ပါတယ္။ HONOR 20 lite ကေတာ့ ပိုႀကီးတဲ့ Battery 3400mAh ကို Micro-USB ကေန တဆင့္ 10W Fast Charge နဲ႔ အားသြင္းႏိုင္မွာ ျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ ၃သိန္း ဝန္းက်င္တန္ ဖုန္းတစ္လုံး ဝယ္ယူေတာ့မယ္ဆိုရင္ HONOR 20 lite ကို မျဖစ္မေန ထည့္သြင္းစဥ္းစားသင့္တယ္လို႔ ျမင္မိပါတယ္။ ဒါ့အျပင္ HONOR ဖုန္းေတြကို စက္တင္ဘာလအတြင္း ဝယ္ယူသူေတြဟာ JOOX VIP ကို စမတ္ဖုန္းေမာ္ဒယ္အေပၚ မူတည္ကာ ၁လ, ၃လ နဲ႔ ၆လ ဆိုၿပီး အခမဲ့ ခံစားနားဆင္ႏိုင္မယ္လို႔ သိရပါတယ္။

[Unicode]

၃သိန်း ဝန်းကျင်တန် ခပ်ဟော့ဟော့ စမတ်ဖုန်း (သို့မဟုတ်) HONOR 20 lite

ဒီတခေါက်မှာတော့ ကျွန်တော်တို့ MyTech Myanmar အနေနဲ့ HONOR Myanmar ကနေ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကမှ မိတ်ဆက်သွားတဲ့ HONOR 20 lite အကြောင်းကို ပြောပြချင်ပါတယ်။ HONOR 20 lite ဟာ Flagship အမျိူးအစား HONOR 20 Series ထဲကနေ ခွဲထွက်လာတဲ့ lite ဗားရှင်းဖြစ်ပြီး စျေးနှုန်းအားဖြင့် မြန်မာငွေ ၃၁၉,၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။

Performance
Processor အပိုင်းအတွက် Mid-range SoC အမျိူးအစားဖြစ်တဲ့ Kirin 710 ကို အသုံးပြုထားတာဖြစ်ပြီး RAM အနေနဲ့ 4GB ပါဝင်မှာပါ။ Memory Storage ကိုတော့ 128GB ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် HONOR 20 lite မှာ Graphics Processing Acceleration နည်းပညာဖြစ်တဲ့ GPU Turbo 2.0 ကိုလည်း ထည့်သွင်းပေးထားတဲ့အတွက် Gamer တွေအနေနဲ့ ပိုမိုကောင်းမွန်တဲ့ Gaming Experience တွေကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။

Display
Display အပိုင်းအတွက် ၆.၂၁လက်မ မျက်နှာပြင် အကျယ်ရှိ LCD Display ကို အသုံးပြုထားတာဖြစ်ပြီး DewDrop (Waterdrop) Notch ဒီဇိုင်းနဲ့ ဖြစ်ပါတယ်။ HONOR 20 lite ရဲ့ Display က Resolution 1080 x 2340 pixels နဲ့ Pixel Density – 415 ppi ရှိတဲ့အတွက် အရည်အသွေးကောင်းမွန်တဲ့ Display အမျိူးအစားလို့ ပြောရမှာပါ။ ဒါ့အပြင် ညဘက်လိုမျိူး အလင်းရောင်နည်းတဲ့ အချိန်တွေမှာ ဖုန်းအသုံးများတဲ့သူတွေအတွက် မျက်လုံးထိခိုက်မှု လျော့နည်းအောင် အပြာရောင် အလင်းတန်းတွေကို လျှော့ချပေးမယ့် TUV Rheinland အသိအမှတ်ပြု Eye-comfort Mode လည်း ပါဝင်ပါသေးတယ်။

Design
တကယ်တော့ HONOR 20 lite မှာ Performance နဲ့ Display အပိုင်းထက် ပိုပြီးအားရစရာကောင်းတာက ဒီဇိုင်းနဲ့ ကင်မရာအပိုင်းတွေ ဖြစ်ကြပါတယ်။ HONOR 20 lite ရဲ့ နောက်ကျောဘက်ဒီဇိုင်းဆိုရင် 3D Color အရောင်ပြေးပုံစံမျိူး ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် သူရဲ့ ဒီဇိုင်းက အမြင်ပိုင်းအားဖြင့် တော်တော်လေး စွဲဆောင်မှုရှိတယ်လို့ ခံစားရစေပါတယ်။ အရောင်တွေအနေနဲ့ Phantom Blue , Phantom Red နဲ့ Midnight Black ဆိုပြီး ၃မျိူးရှိပေမယ့် မြန်မာနိုင်ငံမှာတော့ Phantom Blue နဲ့ Phantom Red အရောင် ၂မျိူးကိုပဲ တင်သွင်းရောင်းချတယ်လို့ သိရပါတယ်။ တကယ်လှတာကလည်း အဲ့ဒီအရောင် ၂ရောင်ပါပဲ။

Camera
နောက်ကျောဘက် ကင်မရာအပိုင်းအတွက် 24MP Sensor ကို Main Camera အဖြစ် အသုံးပြုထားပြီး ၁၂၀ ဒီဂရီ မြင်ကွင်းကျယ်ဓာတ်ပုံတွေ ရိုက်ကူးလို့ရတဲ့ 8MP Ultra-wide Sensor နဲ့ 2MP Depth Sensor တွေကို တွဲဖက်တပ်ဆင်ထားပါတယ်။ Main Camera မှာ A.I. (Artificial Intelligence) အထောက်အပံ့ပါတဲ့အတွက် ဓာတ်ပုံရိုက်တဲ့အခါမှာ အရာဝတ္ထုတွေအပေါ်မူတည်ပြီး ပိုမိုလှပတဲ့ဓာတ်ပုံတွေကို အလိုအလျောက် ရရှိအောင် လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ညဘက်လိုမျိူး အလင်းရောင်နည်းတဲ့အချိန်တွေမှာ အရည်အသွေးကောင်းမွန်တဲ့ ဓာတ်ပုံတွေရိုက်ကူးနိုင်အောင် Super Night Shoot (Night Mode) ကို ထည့်သွင်းပေးထားသလို 720p HD (480fps) နဲ့ Super Slow-Motion Video တွေရိုက်ကူးနိုင်အောင်လည်း ထောက်ပံ့ပေးထားပါသေးတယ်။

Selfie Camera အတွက် အားရစရာကောင်းတဲ့ 32MP Sensor ကို ထည့်သွင်းတပ်ဆင်ပေးထားပြီး၊ အဆိုပါ ကင်မရာကနေ တဆင့် Face Unlock စနစ်ကို အသုံးပြုနိုင်မှာပါ။ ဒါ့အပြင် Fingerprint Sensor ကိုလည်း နောက်ကျောဘက်မှာ တပ်ဆင်ပေးထားပါသေးတယ်။ Selfie Camera မှာ အဓိကအနေနဲ့ AI Beautification, AI Backlighting Imaging နည်းပညာတွေ ပါဝင်လာပါတယ်။ AI Beautification ဆိုရင် မိမိရိုက်ကူးထားတဲ့ Selfie ဓာတ်ပုံတွေကို A.I. နည်းပညာနဲ့ အသားအရေ လှပအောင် ပြင်တာ၊ မျက်လုံး လှအောင် လုပ်တာ၊ ဝက်ခြံတွေ ဖယ်ရှားတာမျိူးတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် Gallery Application ထဲက Edit မှာ သွားရောက်ပြုပြင်ရမှာ ဖြစ်ပါတယ်။

AI Backlighting Imaging ကတော့ Selfie ဆွဲရတာ ဝါသနာပါတဲ့သူတွေအတွက် တော်တော်လေး အသုံးဝင်မယ့် နည်းပညာလို့ ပြောရမှာပါ။ ဘာဖြစ်လို့ အဲ့ဒီလိုပြောလဲဆိုတော့ Selfie ဆွဲတဲ့သူ တော်တော်များများ ကြုံတွေ့နေရတဲ့ ပြဿနာက အလင်းရောင်ကို ကျောပေးရိုက်တဲ့အခါ လူက မဲနေတာမျိူး၊ ညဘက်လို အလင်းရောင်နည်းတဲ့ အချိန်မှာ Selfie ဆွဲတဲ့အခါ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရတာမျိူးတွေ ဖြစ်နေလို့ပါ။ အဲ့ဒီပြဿနာတွေအတွက် HONOR 20 lite မှာ ပါတဲ့ AI Backlighting Imaging နည်းပညာက အကောင်းဆုံး Selfie ဓာတ်ပုံတွေ ရိုက်ကူးနိုင်အောင် ဖြေရှင်းပေးထားပါတယ်။

Conclusion
Conclusion အနေနဲ့ ပြောရမယ်ဆိုရင် ၃၁၉,၀၀၀ ကျပ် တန်ကြေးရှိ HONOR 20 lite က ၃၉၉,၀၀၀ ကျပ် တန်ကြေးရှိ Huawei P30 lite နဲ့ ဒီဇိုင်းဆင်တူသလို Specifications ကလည်း အားလုံးနီးပါး တူညီတယ်လို့ ပြောရမှာပါ။ ကွဲပြားတာက Huawei P30 lite မှာ RAM 6GB, USB Type-C, Battery 3340mAh (18W Fast Charge) ပါဝင်တာ ဖြစ်ပါတယ်။ HONOR 20 lite ကတော့ ပိုကြီးတဲ့ Battery 3400mAh ကို Micro-USB ကနေ တဆင့် 10W Fast Charge နဲ့ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ၃သိန်း ဝန်းကျင်တန် ဖုန်းတစ်လုံး ဝယ်ယူတော့မယ်ဆိုရင် HONOR 20 lite ကို မဖြစ်မနေ ထည့်သွင်းစဥ်းစားသင့်တယ်လို့ မြင်မိပါတယ်။ ဒါ့အပြင် HONOR ဖုန်းတွေကို စက်တင်ဘာလအတွင်း ဝယ်ယူသူတွေဟာ JOOX VIP ကို စမတ်ဖုန်းမော်ဒယ်အပေါ် မူတည်ကာ ၁လ, ၃လ နဲ့ ၆လ ဆိုပြီး အခမဲ့ ခံစားနားဆင်နိုင်မယ်လို့ သိရပါတယ်။