အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ Elon Musk ကို ထောက်ခံအားပေးတဲ့ အနေနဲ့ အိမ်ဖြူတော်မှာ Tesla ကားတွေကို တန်းစီခိုင်းပြီး ၁ စီးဝယ်ယူအားပေးလိုက်ပါတယ်။

Image: President Donald Trump, alongside Tesla CEO Elon Musk, speaks next to a Tesla vehicle on the South Portico of the White House

Tesla ကား ၅ စီးကို အိမ်ဖြူတော်မှာ ပြသခိုင်းပြီး ထရမ့်က လေ့လာကြည့်ရှုခဲ့ပါတယ်။ နာရီ အနည်းငယ်ကြာပြီးနောက်မှာ ရောင်းအားကျနေတဲ့ Tesla နဲ့ Musk ကို ထောက်ခံအားပေးဖို့ ၁ စီးဝယ်ယူဖို့ စီစဉ်ထားတယ်လို့ Truth Social လူမှုကွန်ရက်မှာ ပို့စ်တင်ခဲ့ပါတယ်။

အိမ်ဖြူတော်ကို Musk လည်း လိုက်ပါလာတာ ဖြစ်ပြီး ထရမ့်က ကားတွေဟာ လှပတယ်လို့ ပြောပါတယ်။ သမ္မတက ဒီဇိုင်းဆန်းသစ်တဲ့ Cybertruck ကိုလည်း ချီးကျူးခဲ့ပါသေးတယ်။ ထရမ့်က အဲဒီကားကို တွေ့တွေ့ချင်းပဲ အမိုက်ဆုံး ဒီဇိုင်းလို့ ထင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

Trump buys a Tesla at the White House | Fox Business

ထရမ့်ဟာ အနီရောင် Model S ကို လက်ညှိုးထိုးပြရင်း “ငါ ကြိုက်တာ ဒီကားပဲ။ အဲဒီ အရောင်ကို လိုချင်ပါတယ်။ “ လို့ ပြောခဲ့ပါတယ်။ အဲဒီကားကို Tesla Website မှာ ဒေါ်လာ ၇၃,၄၉၀ နဲ့ ဒေါ်လာ ၈၈,၄၉၀ သတ်မှတ်ထားပါတယ်။

သူက ကားကို စမ်းသပ်မောင်းနှင်တာ မလုပ်ခဲ့ပေမယ့် နောက်တစ်ကြိမ်မှာ စမ်းမောင်းမယ်လို့ ပြောခဲ့ပါတယ်။ ကားခေါင်းခန်းထဲ ဝင်ထိုင်တဲ့အခါမှာ Musk ကလည်း ဘေးခုံမှာ ဝင်ထိုင်ခဲ့ပါတယ်။

ထရမ့်ဟာ ရောင်းအားကျနေတဲ့ Tesla နဲ့ Musk ကို အားပေးချင်တဲ့အတွက် အိမ်ဖြူတော်မှာ ကားတွေကို တန်းစီခိုင်းပြီး ၁ စီး ဝယ်ယူအားပေးခဲ့တာ ဖြစ်ပါတယ်။

Ref: nbcnews