[Zawgyi]

ဒီတစ္ပတ္ အေစာပိုင္းမွာ Honor က စက္တင္ဘာလ ၄ ရက္ေန႔မွာ Honor 20 Series အသစ္ ၁ လံုးကို ေၾကညာမယ္လို႔ ေျပာခဲ့ပါတယ္။ ဘယ္ စမတ္ဖုန္းလဲဆိုတာကို ကုမၸဏီက မေျပာေပမယ့္ Honor 20S ျဖစ္ႏုိင္ပါတယ္။ အဲဒီ စမတ္ဖုန္းဟာ စြမ္းရည္သင့္ထက္ အနည္းငယ္ ပိုေကာင္းမယ့္ အမ်ိဳးအစားလို႔ သတင္းထြက္ေနပါတယ္။ Google Enterprise Directory မွာလည္း အဲဒီ စမတ္ဖုန္းကို မၾကာခင္က ေတြ႕ခဲ့ရပါတယ္။ Honor က မိတ္ဆက္ပြဲ မတိုင္ခင္မွာ ႀကိဳတင္မွာယူခြင့္ေပးမွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။ Honor 20S ဟာ Honor 20 နဲ႔ အရမ္းကို ဆင္တူေပမယ့္ အေနာက္ကင္မရာေတြက ကြဲျပားပါတယ္။

Honor 20S ကို တရုတ္ ဆက္သြယ္ေရး ေကာ္မရွင္ (TENAA) မွာ မွတ္ပံုတင္ထားၿပီး Specs ေတြကိုလည္း ေဖာ္ျပထားပါတယ္။ အဲဒီ စမတ္ဖုန္းရဲ႕ လွ်ိဳ႕၀ွက္နာမည္မွာ YAL-AL50 /YAL-TL50 ျဖစ္ၿပီး 2.6GHz Octa-core CPU ပါတဲ့အတြက္ Kirin 980 Chipset ျဖစ္ႏုိင္ပါတယ္။ RAM က 6GB နဲ႔ 12GB အၾကားမွာ ရွိပါတယ္။ 128GB နဲ႔ 256GB Storage ေတြ ထုတ္လုပ္ထားမွာ ျဖစ္ပါတယ္။

Honor 20S ရဲ႕ ပင္မ ကင္မရာဟာ 48MP ျဖစ္ပါတယ္။ ေနာက္ထပ္ ကင္မရာ ၁ လံုးက 8MP ျဖစ္ၿပီး ျမင္ကြင္းက်ယ္ ျဖစ္ႏုိင္ပါတယ္။ တတိယ ကင္မရာက 2MP ျဖစ္ၿပီး Depth Sensor or Macro Camera ျဖစ္ႏုိင္ပါတယ္။ Selfie နဲ႔ Video Calls ေတြအတြက္ 32MP Front Camera ၁ လံုး ထည့္သြင္းထားပါတယ္။ အျခား Specs ေတြက Honor 20 နဲ႔ တူညီၿပီး ၆.၂၆ လက္မ LCD Display ထည့္သြင္းထားပါတယ္။ မ်က္ႏွာျပင္ အရည္အေသြးက Full HD+ (1080 x 2340 pixels ) ျဖစ္ပါတယ္။  ဘက္ထရီက 3,650mAh ျဖစ္ၿပီး 20W Huawei  SuperCharge နည္းပညာ ထည့္သြင္းထားပါတယ္။

Ref : gsmarena, playfuldroid

[Unicode]

Honor 20S ကို စက်တင်ဘာလ ၄ ရက်မှာ ကြေညာနိုင်

ဒီတစ်ပတ် အစောပိုင်းမှာ Honor က စက်တင်ဘာလ ၄ ရက်နေ့မှာ Honor 20 Series အသစ် ၁ လုံးကို ကြေညာမယ်လို့ ပြောခဲ့ပါတယ်။ ဘယ် စမတ်ဖုန်းလဲဆိုတာကို ကုမ္ပဏီက မပြောပေမယ့် Honor 20S ဖြစ်နိုင်ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ စွမ်းရည်သင့်ထက် အနည်းငယ် ပိုကောင်းမယ့် အမျိုးအစားလို့ သတင်းထွက်နေပါတယ်။ Google Enterprise Directory မှာလည်း အဲဒီ စမတ်ဖုန်းကို မကြာခင်က တွေ့ခဲ့ရပါတယ်။ Honor က မိတ်ဆက်ပွဲ မတိုင်ခင်မှာ ကြိုတင်မှာယူခွင့်ပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ Honor 20S ဟာ Honor 20 နဲ့ အရမ်းကို ဆင်တူပေမယ့် အနောက်ကင်မရာတွေက ကွဲပြားပါတယ်။

Honor 20S ကို တရုတ် ဆက်သွယ်ရေး ကော်မရှင် (TENAA) မှာ မှတ်ပုံတင်ထားပြီး Specs တွေကိုလည်း ဖော်ပြထားပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ လျှို့ဝှက်နာမည်မှာ YAL-AL50 /YAL-TL50 ဖြစ်ပြီး 2.6GHz Octa-core CPU ပါတဲ့အတွက် Kirin 980 Chipset ဖြစ်နိုင်ပါတယ်။ RAM က 6GB နဲ့ 12GB အကြားမှာ ရှိပါတယ်။ 128GB နဲ့ 256GB Storage တွေ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။

Honor 20S ရဲ့ ပင်မ ကင်မရာဟာ 48MP ဖြစ်ပါတယ်။ နောက်ထပ် ကင်မရာ ၁ လုံးက 8MP ဖြစ်ပြီး မြင်ကွင်းကျယ် ဖြစ်နိုင်ပါတယ်။ တတိယ ကင်မရာက 2MP ဖြစ်ပြီး Depth Sensor or Macro Camera ဖြစ်နိုင်ပါတယ်။ Selfie နဲ့ Video Calls တွေအတွက် 32MP Front Camera ၁ လုံး ထည့်သွင်းထားပါတယ်။ အခြား Specs တွေက Honor 20 နဲ့ တူညီပြီး ၆.၂၆ လက်မ LCD Display ထည့်သွင်းထားပါတယ်။ မျက်နှာပြင် အရည်အသွေးက Full HD+ (1080 x 2340 pixels ) ဖြစ်ပါတယ်။ ဘက်ထရီက 3,650mAh ဖြစ်ပြီး 20W Huawei SuperCharge နည်းပညာ ထည့်သွင်းထားပါတယ်။

Ref : gsmarena, playfuldroid