Huawei P40 စီးရီးနဲ့အတူ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor 30 စီးရီးဟာလည်း ထွက်ပေါ်လာတော့မှာပါ။ Honor ကတော့ 30 စီးရီးထဲမှာ အနည်းဆုံး Honor 30 Pro, Honor 30 နဲ့ 30S ဆိုပြီး သုံးမျိုးမိတ်ဆက်လာမယ်လို့ ဆိုပါတယ်။ ယနေ့မှာတော့ ထွက်ရှိချိန်မှာ Honor 30 အတွက် ရရှိနိုင်မယ့် ကာလာခွဲတွေဆိုပြီး Render တွေထွက်ပေါ်လာခဲ့သလို Honor 30S နဲ့ပတ်သက်တဲ့ Render အချို့လည်း ပါဝင်လာပါတယ်။

Honor 30 ဖုန်းတွေရဲ့နောက်ဘက်မှာ Redmi K30 Pro လိုမျိုး စက်ဝိုင်းပုံ Camera Island လေးတွေ ပါဝင်လာတာကို တွေ့ရပါတယ်။ နောက်ကျောဘက်ဒီဇိုင်းမှာ အရောင်တွေကို ရှင်းလင်းစွာမြင်ရပြီး Camera Module ကတော့ အနက်ရောင်ဖြစ်နေတာကိုလည်း မြင်ရမှာပါ။

အဲ့ဒီမှာ အပေါက်လေးပေါက်ကိုမြင်တွေ့ရပြီး LED Flash အတွက် နေရာကိုတော့ မမြင်ရတာကြောင့် ဒီအပေါက်လေးခုလုံးမှာ Camera Lens တစ်ခုစီ ပါမလားဆိုတာကို မသေချာသေးပါဘူး။ တကယ်လို့ တစ်ခုက LED Flash အတွက်ဆိုရင်တော့ နောက်ကင်မရာက သုံးလုံးထဲဖြစ်နေမှာပါ။

Honor 30 ကိုတော့ အခုပုံထဲမှာ Pink, Blue, Silver နဲ့ Purple ဆိုပြီး အရောင်ခွဲခြားပြသထားတာ တွေ့ရပါတယ်။ ဒါပေမယ့် မိတ်ဆက်လာချိန်မှာ အရောင်ပြေးကာလာလေးတွေပါ ထပ်တွေ့ရဖို့ မျှော်လင့်ပါတယ်။

Honor 30S ရဲ့ Render မှာတော့ ဖုန်းရဲ့ရှေ့ဘက်က Punch-hole နဲ့ Display ကို မြင်ရမှာပါ။ သူ့ကိုတော့ ရှေ့မျက်နှာပြင်ရဲ့ အပေါ်ဘယ်ဘက်မှာ ထင်ထင်ရှားရှားပဲ တွေ့ရပါတယ်။ Honor 30 မှာ 5G Modem ပါတဲ့ Kirin 990 ချစ်ပ်ဆက်ကိုအသုံးပြုလာမှာဖြစ်ပြီး Honor 30S မှာတော့ Kirin 820 လို့ အမည်ထွက်နေတဲ့ Mid-range 5G ချစ်ပ်ဆက်အသစ်ကို အသုံးပြုလာဖို့ သတင်းထွက်နေပါတယ်။ ဒီဖုန်းတွေ ထွက်ရှိရက်ကို တရားဝင်မကြေညာသေးပေမယ့် ဧပြီလဆန်းလောက်ဖြစ်မှာပါ။

Ref – Gizmo China