Honor 30 , 30 Pro နဲ့ 30 Pro+ တို့ကို ကြေညာလိုက်ပြီး အားလုံးထဲမှာ စွမ်းရည်အမြင့်ဆုံးက 30 Pro+ ဖြစ်ပါတယ်။ 30 Pro+ မှာ  50MP Sony IMX700 Sensor ကို ပင်မ ကင်မရာ အနေနဲ့ အသုံးပြုထားပါတယ်။ တခြား မော်ဒယ်တွေထက် ပိုလန်းတာက 90Hz 6.57” AMOLED မျက်နှာပြင် ၊ 180Hz Touch Sampling Rate ၊ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာနဲ့ ဘေးဘက်ကွေးညွှတ် ဒီဇိုင်းတွေ ဖြစ်ပါတယ်။

ပင်မ ကင်မရာကို 8MP Periscope Telephoto (5x Optical Zoom , 50x Hybrid Zoom) ၊ 16MP Ultrawide ( Macro ကင်မရာလိုလည်း သုံးနိုင်) ကင်မရာတွေနဲ့ အားဖြည့်ထားပါတယ်။ AI RAW ဓါတ်ပုံတွေကို ထောက်ပံ့ပြီး RAW ဓါတ်ပုံများစွာထဲကမှ အကောင်းဆုံး ၁ ပုံကို ထုတ်ပေးနိုင်ပါတယ်။ 4K 60fps ဗီဒီယိုတွေ ရိုက်ကူးပေးနိုင်ပါတယ်။ Punch Hole မှာ 32MP ပင်မနဲ့ 8MP Ultrawide ကင်မရာ ၂ လုံး ပါလာပါတယ်။

Kirin 990 5G SoC မောင်းနှင်ထားပြီး 4,000mAh ဘက်ထရီ ထည့်ထားပါတယ်။ 40W Wired နဲ့ 27W Wireless Charging တွေ ပါလာတဲ့အတွက် အားသွင်းနှုန်းက လန်းပါတယ်။ အနက်၊ အစိမ်းနဲ့ ငွေရောင်တွေ ထုတ်လုပ်ထားပြီး 8/256GB ကို ၄,၉၉၉ ယွမ်နဲ့ 12/256GB ကို ၅,၄၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၀ သိန်းနဲ့ ၁၁ သိန်းလောက် ကျသင့်မှာ ဖြစ်ပြီး ၂၁ ရက်နေ့မှာ ရောင်းမှာပါ။

Ref : gsmarena