Honor 30 စီးရီးကို သိပ်မကြာခင်မှာပဲ တရားဝင်ကြေညာမှာ ဖြစ်ပါတယ်။ Honor 30 တွေနဲ့ပတ်သက်ပြီး ပေါက်ကြားမှုတွေ အမြောက်အများ ဖြစ်ပေါ်ခဲ့ပြီးပေမယ့် အခု နောက်ဆုံးပေါက်ကြားမှုကလည်း စိတ်ဝင်စားစရာကောင်းနေတုန်း ဖြစ်ပါတယ်။

ဒီတစ်ခါတွေ့မြင်ရတာကတော့ Honor 30 Pro ရဲ့ ပကတိပြင်ပ ဓါတ်ပုံပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ မြေအောက်ရထားပေါ်မှာ Honor 30 Pro သုံးစွဲနေပုံကို ရိုက်ကူးထားတဲ့ ဓါတ်ပုံအဖြစ် မြင်တွေ့ရတာပါ။ ထုံးစံအတိုင်း ကိုယ်ထည်ပိုင်းကတော့ ဖုံးကွယ်မှုတွေကြောင့် မမြင်နိုင်ဘဲ မျက်နှာပြင်ကိုပဲ တွေ့မြင်ရပါတယ်။

ပကတိပြင်ပ ဓါတ်ပုံအရ Honor 30 Pro မျက်နှာပြင်ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာ ဆေးတောင့်ပုံစံ Double-punch-hole ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကနဦးသတင်းတွေမှန်ကန်ကြောင်း နောက်ထပ်အတည်ပြုချက်လို့ ဆိုရမှာပါ။ မျက်နှာပြင်ကတော့ 90Hz refresh rate ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။

Honor 30 Pro ဟာ Kirin 990 chipset နဲ့ဖြစ်ပြီး 5G ကွန်ရက်နဲ့ချိတ်ဆက်နိုင်မှာလည်း ဖြစ်ပါတယ်။ ကင်မရာပိုင်းနဲ့ပတ်သက်ပြီး 1.2µm pixels နဲ့ 1/1.3-inch Sony main sensor ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ ကျန်တဲ့ကင်မရာတွေကတော့ Macro ဒါမှမဟုတ် Depth helper, Ultrawide, telephoto တွေဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

Ref: GSM Arena