Honor 30 ဟာ နောက်ထပ် မိသားစုဝင် ဗားရှင်းတစ်မျိုး ထပ်ပြီးတိုးလာဦးမှာ ဖြစ်ပါတယ်။ Honor 30 Youth Edition (Honor 30 Lite 5G) ရဲ့ သတင်းတွေဟာ ပြီးခဲ့တဲ့ မေလကတည်းက ထွက်ပေါ်နေခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ တရားဝင်မိတ်ဆက်ရက်ကိုပါ သိလာရပါပြီ။

Honor ရဲ့ တရားဝင် Weibo အကောင့်ကနေ ဖော်ပြခဲ့တာကတော့ Honor 30 Youth Edition ကို လာမယ့် ဇူလိုင်လ ၂ ရက်နေ့ မှာ စတင်ဖြန့်ချိမယ်ဆိုတာပါပဲ။ ဒီရက်ဟာ Honor X10 Max ကို ပွဲထုတ်မယ့် ရက်လည်း ဖြစ်ပါတယ်။ ပိုစတာမှာတော့ Honor 30 Youth Edition ကို အရောင်နှစ်မျိုးနဲ့ ထုတ်လုပ်ထားကြောင်း ပြသထားပါတယ်။ ကျောဘက်မှာတော့ ကင်မရာသုံးလုံး ရှိနေတာပါ။

ဟန်းဆက်ဟာ ဘေးဘက်ဘောင်မှာ Fingerprint scanner ကိုတပ်ဆင်ထားတာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်ကို ပိုစတာမှာ ဖော်ပြထားခြင်းမရှိပေမယ့် ပေါက်ကြားသတင်းတွေအရတော့ သိရှိပြီး ဖြစ်ပါတယ်။ ဒီဟန်းဆက်ဟာ Dimensity 800 processor (MT6873) ကို တပ်ဆင်မောင်းနှင်ထားတာဖြစ်ပါတယ်။

ကျောဘက်ကင်မရာသုံးလုံးအနက် အဓိကကင်မရာက 48MP ဖြစ်ပြီး 8MP နဲ့ 2MP modules တွေက ဝန်းရံပေးထားတယ်လို့ သိရပါတယ်။ အရှေ့ဘက်မျက်နှာပြင်မှာတော့ 16MP Selfie ကင်မရာတစ်လုံး တပ်ဆင်ပေးထားပါတယ်။ 4,000mAh ပမာဏ ဘက်ထရီကို တပ်ဆင်ပေးထားပြီး 22W အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။

Ref: Gizmochina