Honor ကုမ္ပဏီဟာ Midrange ဟန်းဆက် 30S ကို Honor 30 Flagship စီးရီးမလာခင် နှစ်ပတ်အလို မတ်လကုန်မှာ မိတ်ဆက်ခဲ့ပါတယ်။ မိတ်ဆက်စဉ်က White, Green, Black အရောင်သုံးမျိုးကိုသာ မြင်ခဲ့ရပေမယ့် စတုတ္ထမြောက် Gradient ကာလာလည်း ထွက်လာဦးမယ်လို့ ပြောခဲ့ဖူးပါတယ်။

ယနေ့မှာ စတုတ္ထမြောက် Butterfly Red အရောင်ပြေးဗားရှင်းကို စတင်မြင်တွေ့ရပြီဖြစ်ပြီး လာမယ့်မေလ ၁၈ ရက်နေ့ကနေ ဈေးကွက်ထဲကို စရောင်းချတော့မှာဖြစ်ပါတယ်။

Butterfly Red ဗားရှင်းမှာ ကာလာတစ်ခုပဲ ပြောင်းလဲထားတာတွေ့ရပြီး 5G Modem ဖြည့်သွင်းထားတဲ့ Kirin 820 ချစ်ပ်ဆက်ကိုပဲ ဆက်မြင်ရမှာပါ။ မန်မိုရီက 8GB RAM ကို 128/256GB Storage နှစ်မျိုးနဲ့ ရရှိနိုင်ပါတယ်။ ဖုန်းရဲ့ ဈေးနှုန်းကလည်း မူလအတိုင်း တရုတ်ယွမ် ၂၃၉၉ (မြန်မာငွေ လေးသိန်းရှစ်သောင်းနီးပါး) နဲ့ ယွမ် ၂၆၉၉ (ကျပ်ငွေ ငါးသိန်းရှစ်သောင်းနီးပါး) သတ်မှတ်ထားပါတယ်။

လက်ရှိမှာ တရုတ်အရောင်းဝက်ဆိုက်တွေဖြစ်တဲ့ JD.com နဲ့ Vmall တို့မှာ Butterfly Red ဗားရှင်းအတွက် ဝယ်ယူဖို့ Purchase Button မပွင့်သေးတာ တွေ့ရပေမယ့် ၁၈ ရက်နေ့မှာ စတင်ဈေးကွက်ထဲ တင်ပို့မှာဖြစ်တာကြောင့် ကျိန်းသေရရှိမှာပါ။

Ref – GSMArena