Honor 30S ကို တရုတ်မှာ ဒီနှစ် အစောပိုင်းက ရောင်းချပေးခဲ့ပါတယ်။ အခုတော့ တရုတ်ပြင်ပမှာ ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ထွက်ပေါ်လာတဲ့ ဓါတ်ပုံတွေက တခြား ဖုန်း ဖြစ်နေပါတယ်။ ဓါတ်ပုံအရ အဲဒီ ဖုန်းဟာ Huawei nova 7 SE (Huawei P40 Lite 5G) ဖြစ်နိုင်ပါတယ်။

အဲဒီ ဓါတ်ပုံတွေဟာ မှန်ကန်လားဆိုတာ သေချာ မပြောနိုင်သေးပါဘူး။ Huawei နဲ့ Honor တို့ဟာ မတူညီတဲ့ နိုင်ငံတွေမှာ ဖုန်းတွေကို မတူညီတဲ့ နာမည်တွေနဲ့ ရောင်းချလေ့ရှိပါတယ်။ Honor 30S နဲ့ Huawei nova 7 SE တို့မှာ တူညီတဲ့ Specs တွေ ရှိပါတယ်။ Kirin 820 Chipset , 5G Modem , 6.5” LCD Full HD+ Panel တွေ ထည့်သွင်းထားပြီး 16MP ဆဲလ်ဖီး ကင်မရာကို မျက်နှာပြင်ရဲ့ ဘယ်ဘက်အထက်နားက Punch Hole မှာ တပ်ဆင်ထားပါတယ်။

အနောက်ဘက်မှာ 64MP Main , 8MP Ultrawide နဲ့ 2MP Depth ကင်မရာတွေ တပ်ဆင်ထားပါတယ်။ ဥရောပမှာ ရောင်းချထားတဲ့ Honor 30S ဟာ တရုတ်က မော်ဒယ်မှာလို 8MP Telephoto ကင်မရာ မပါဘဲ 2MP Macro ကင်မရာပဲ ထည့်ထားပါတယ်။ Huawei P40 Lite 5G ကို ဥရောပက စတိုးတွေမှာ ၄၀၀ ယူရိုနဲ့ ရောင်းပေးထားပြီး မြန်မာငွေ ၆ သိန်း ၂ သောင်းလောက်ရှိပါတယ်။

Ref : gsmarena