Honor ကနေ ပထမဆုံးသော Kirin 820 Chipset အသုံးပြုထားတဲ့ စမတ်ဖုန်းဖြစ်လာမယ့် Honor 30S ကို လာမယ့် မတ်လ ၃၀ ရက်နေ့မှာ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။

အခုလည်း အဆိုပါ Honor 30S ရဲ့ Antutu Benchmark က ပေါက်ကြားလာပြီဖြစ်ပြီး 5G ပါအသုံးပြုနိုင်မယ့် Kirin 820 Chipset ရဲ့ စွမ်းဆောင်ရည်ကို တွေ့မြင်ခဲ့ရပါတယ်။ အဆိုပါ Antutu Benchmark အရင် Honor 30S ဖုန်းဟာ RAM 8GB ၊ 128GB Storage နဲ့ Full HD+ Display တွေကို အသုံးပြုထားပြီး Android 10 ကို အခြေခံထားတဲ့ EMUI 10 ပါဝင်လာမှာဖြစ်ပါတယ်။

အခု Kirin 820 ရဲ့ Antutu Benchmark က 375,270 ရရှိထားခဲ့ပြီးတေ့ာ CPU ပိုင်းမှာ Huawei ရဲ့ Flagship CPU ဖြစ်တဲ့ Kirin 980 နီးပါးကို စွမ်းဆောင်နိုင်နေတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Qualcomm ရဲ့ High-end Chipset တစ်ခုဖြစ်တဲ့ Snapdragon 765G ကိုလည်း အပြတ်အသတ်ကို ကျော်တက်သွားတာဖြစ်ပါတယ်။

Antutu Benchmark ရဲ့ ဖော်ပြချက်အရတော့ Kirin 820 Chipset ဟာ Octa-core Chipset အမျိုးအစားဖြစ်ပြီး Cortex-A76 Core ၄ လုံးနဲ့ Cortex-A56 Core ၄ လုံးပါဝင်မှာဖြစ်ပါတယ်။ GPU ပိုင်းမှာတော့ သတင်းတွေထွက်ထားသလို Flagship Mali-G77 GPU အစား Mali-G57 GPU ကိုပဲ အသုံးပြုထားတာကိုတွေ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး စွမ်းဆောင်ရည်က Kirin 820 Chipset သုံးလာမယ့် Huawei နဲ့ Honor Mid Range ဖုန်းတွေအတွက်က စွမ်းဆောင်ရည်ပိုင်းမှာ Flagship ဖုန်းတစ်လုံးနီးပါးရှိနေမယ်ဆိုတာကို အာမခံနိုင်နေပါပြီ။

Ref – GSM Arena