ပြီးခဲ့တဲ့လမှာ Honor 30 နဲ့ 30 Pro+ တို့ကို ရုရှားဈေးကွက်မှာ မိတ်ဆက်ခဲ့ပြီးတဲ့နောက် တရုတ်အခြေစိုက် ဖုန်းထုတ်လုပ်သူဟာ Honor 30S အမည်ရ Mid-range ဖုန်းအသစ်ကို ထပ်မံမိတ်ဆက်ပေးလိုက်ပါတယ်။

ဒါပေမယ့် အခု Honor 30S ဟာ တရုတ်ပြည်တွင်းဈေးကွက်မှာ မတ်လတုန်းက မိတ်ဆက်ခဲ့တဲ့ 30S မဟုတ်တော့ဘဲ မကြာသေးခင်ကမှ မိတ်ဆက်ထားတဲ့ Huawei Nova 7 SE ကို အမည်ပြောင်းလဲမိတ်ဆက်လာတာပါ။

Honor 30S အသစ်မှာ 6.5” LCD Display ပါဝင်ပြီး Punch-hole ထဲမှာ 16MP ဆဲလ်ဖီးကင်မရာတစ်ခု ပါဝင်ပါတယ်။ နောက်ဘက်မှာ 64MP အဓိကကင်မရာနဲ့ 8MP Ultrawide + 2MP Macro + 2MP Depth Sensor အတွဲဖြစ်ပါတယ်။ အတွင်းမှာတော့ Kirin 820 ချစ်ပ်ဆက်အသစ်နဲ့ အားဖြည့်ထားပြီး 5G ထောက်ပံ့နိုင်စွမ်းလည်း ပါဝင်ပါတယ်။ မန်မိုရီကတော့ 6GB RAM / 128GB Storage ပါ။

ဘက္ထရီက 4,000 mAh ဖြစ်ပြီး 40W အားအမြန်သွင်းစနစ်နဲ့ ဖြစ်ပါတယ်။ Android 10 အခြေခံ EMUI 10.1 နဲ့ အသုံးပြုရမှာပါ။ Honor 30S ကို Neon Purple, Titanium Silver နဲ့ Midnight Black ကာလာသုံးမျိုးဖြင့် ရရှိနိုင်ပြီး ဈေးနှုန်းက ရုရှရူဘယ် ၂၇,၉၉၀ (မြန်မာငွေ ငါးသိန်းခြောက်သောင်း) သတ်မှတ်ထားပါတယ်။

Ref – Playful Droid