Zawgyi
Unicode
Honor 7S မှာအသုံးပြုပေးထားတဲ့ ပရိုဆက်ဆာ
ဟာ Mediatek ရဲ့ Entry-level Quad-core ပရိုဆက်ဆာတစ်ခုပါ။ နာမည်ကတော့ MT6739 ဖြစ်ပြီး 4G ကွန်ရက် အထောက်အပံ့နဲ့အတူ ဆက်သွယ်ရေးပိုင်းနဲ့ ဖျော်ဖြေရေးအပိုင်းတွေကို အာရုံစိုက်ပေးထားတဲ့ တန်ဖိုးသင့် အရည်အသွေးမြင့် ပရိုဆက်ဆာတစ်ခုဖြစ်ပါတယ်။ ဆက်သွယ်ရေးပိုင်းမှာ လိုင်းဆွဲအားပိုကောင်းစေဖို့ Mediatek ရဲ့ ကိုယ်ပိုင် နည်းပညာဖြစ်တဲ့ TAS 2.0 Smart Antenna နည်းပညာအသုံးပြုပေးထားပါတယ်။ အဆိုပါ Antenna နည်းပညာက ဖုန်းလိုင်းဆွဲအားကို တောက်လျောက် ကောင်းမွန်နေစေပြီး လိုင်းပြတ်တောက်ခြင်းတွေမဖြစ်အောင် ကာကွယ်ပေးလို့ အွန်လိုင်း ဂိမ်းတွေနဲ့ အွန်လိုင်းရုပ်ရှင်တွေကြည့်တဲ့ အခါ အနှောင့်အယှက်ကင်းကင်းကြည့်ရှုနိုင်မှာပါ။
App တွေ နဲ့ Game တွေအတွက်တော့ Quad Core ပရိုဆက်ဆာကြောင့် အသုံးပြုရတာချောမွေ့နေမှာပါ။ 64-bit ဖွဲ့စည်းပုံနဲ့တည်ဆောက်ထားလို့ ပိုမိုမြန်ဆန်မှာပါ။ Quad-Core ဆိုတာကတော့ Core လေးခုပါတာကို ပြောထားတာဖြစ်ပြီး 1.5GHz အမြန်နှုန်းရှိတဲ့ AEM Cortex A53 CPu လေးလုံးနဲ့ တစ်ပြိုင်တည်းမောင်းနှင်ပေးပါတယ်။ ဂရပ်ဖစ် ရုပ်ထွက်တွေအတွက်လည်း IMG GE8100 GPU ပါဝင်ပြီး အမြန်နှုန်း 570MHz နဲ့အလုပ်လုပ်ပါတယ်။ 18:9 အချိုးအစားရှိ HD+ Display တွေလည်း အထောက်အပံ့ပေးလို့ Honor 7S မှာ 720P, HD+ Display ကိုအသုံးပြုပေးထားတာပါ။
ကင်မရာပိုင်းမှာလည်း Noise တွေလျှော့ချပေးတဲ့ နည်းပညာတွေပါဝင်လို့ ကြည်လင်တဲ့ပုံတွေဖမ်းယူပေးနိုင်မှာပါ။ Honor 7S မှာအသုံးပြုထားတဲ့ Quad-Core ပရိုဆက်ဆာရဲ့ Core တွေဟာ ပါဝါသုံးစွဲမှုနှုန်းလျော့နည်းတဲ့အတွက် ဖုန်းရဲ့ ဘက်ထရီကိုလည်း အားအပြည့်သွင်းထားရင် ဆက်တိုက် အကြာကြီးအသုံးပြုနိုင်မှာပါ။ ဒီ Honor 7S ရဲ့ Quad-Core ပရိုဆက်ဆာဟာဆိုရင် Honor 7S နဲ့ အလိုက်ဘက်ဆုံးဖြစ်အောင် သုံးစွဲပေးထားတာဖြစ်ပြီး နေ့စဉ်အသုံးပြုတဲ့အခါ App တွေနဲ့ ဂိမ်းတွေကိုထစ်ခြင်းပြုခြင်းမရှိအောင် လုပ်ဆောင်ပေးမယ့် ပရိုဆက်ဆာတစ်ခုဖြစ်ပါတယ်။