Honor ကနေ လာမယ့် ဇူလိုင်လ ၆ ရက်နေ့မှာ Honor 90 Series စမတ်ဖုန်းတွေကို Global စျေးကွက်အတွက် တရားဝင်မိတ်ဆက်သွားဖို့ စီစဥ်ထားတာဖြစ်ပါတယ်။ အခုလည်း Honor ကနေ Honor 90 Series ထဲက ဖုန်းတစ်လုံးဖြစ်တဲ့ Honor 90 Lite ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။

Honor 90 Lite ဖုန်းဟာ လက်ရှိ Honor France Website မှာ ဖော်ပြခဲ့တာဖြစ်ပြီး စျေးနှုန်းအပြင် တခြားဘယ်နိုင်ငံတွေမှာ ရောင်းချသွားမလဲဆိုတာကို ပြောကြားထားခြင်းမရှိသေးပါဘူး။ ဒါကြောင့် စျေးနှုန်းအပြင် အသေးစိတ်အချက်အလက်တွေကို လာမယ့် ဇူလိုင်လ ၆ ရက်နေ့မှပဲ သိရှိရဖွယ်ရှိနေပါတယ်။

Honor 90 Lite ဖုန်းဟာ 6.7″ LTPS LCD Display ကို အသုံးပြုထားပြီး Full HD+ Resolution အပြင် 90Hz Refresh Rate ကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ Performance ပိုင်းအတွက် MediaTek Dimensity 6020 Chipset ကို အသုံးပြုထားပြီး 8GB RAM အပြင် 256GB Storage ပါဝင်မှာဖြစ်ပါတယ်။ Software ပိုင်းမှာတော့ Android 13 ကို အခြေခံထားတဲ့ MagicOS 7.1 ကို အသုံးပြုထားပါတယ်။

Camera ပိုင်းအနေနဲ့ Honor 90 Lite ဖုန်းဟာ 108MP Main Camera အပြင် 5MP Ultrawide နဲ့ 2MP Macro Camera တွေပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားပါတယ်။ Front Facing Selfie Camera အနေနဲ့ကတော့ 16MP Camera ကို Punch-hole Design အနေနဲ့ ထည့်သွင်းပေးထားပါတယ်။

Battery ပိုင်းမှာ Honor 90 Lite ဖုန်းဟာ 4500mAh Battery ပါဝင်မှာဖြစ်ပြီး 22.5W Fast Charging ကို ထောက်ပံ့ပေးနိုင်မယ်လို့ သိရပါတယ်။ တခြား Feature တွေအနေနဲ့ Side-mounted Fingerprint Sensor ၊ Dual-SIM Support ၊ USB-C ၊ Bluetooth 5.3 လိုမျိုး Feature တွေပါဝင်မှာဖြစ်ပါတယ်။ အရောင်အနေနဲ့ Midnight Black ၊ Titanium Silver နဲ့ Cyan Lake ဆိုပြီး ၃ ရောင်ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

Ref – Gizmo China