Honor က စမတ် လက်ပတ် အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Honor Band 6 လို့ နာမည်ပေးထားပြီး ၁.၄၇ လက်မ AMOLED 194x368p မျက်နှာပြင် ထည့်သွင်းထားပါတယ်။ 2.5D Curved Glass ပါလာပြီး အရင်မျိုးဆက်ထက် ပိုကျယ်သလို ပိုထူပါတယ်။ လုပ်ဆောင်ချက်တွေကတော့ အရင်မျိုးဆက်နဲ့ တူပါတယ်။

Honor Band 6 blurs the line between smartband and smartwatch

Band 6 မှာ နှလုံးခုန်နှုန်း၊ သွေးတွင်း အောက်ဆီဂျင် ပမာဏနဲ့ အိပ်စက်မှု အခြေအနေတွေကို တိုင်းတာပေးနိုင်သလို အမျိုးသမီးတွေရဲ့ ဓမ္မတာ စက်ဝန်းကိုလည်း တွက်ချက်ပေးနိုင်ပါတယ်။ အားကစားနည်း ၁၀ မျိုးကို တိုင်းတာပေးနိုင်ပြီး ရေအနက် ၅၀ မီတာအထိ ဝတ်ဆင်နိုင်ပါတယ်။ စမတ်ဖုန်းနဲ့ Bluetooth ကနေ ချိတ်ဆက်နိုင်ပြီး Notifications တွေပြသပေးနိုင်သလို ဖုန်းက သီချင်းတွေကို ထိန်းချုပ်နိုင်ပါတယ်။

Watch Faces များစွာ ထည့်သွင်းထားပြီး ဖုန်း Companion App ကနေ ရွေးချယ်နိုင်ပါတယ်။ တစ်ခါအားသွင်းထားရင် ၁၄ ရက်လောက် အသုံးခံပြီး ဘက်ထရီ Saver Mode ပါပါတယ်။ အရွယ်အစား အပြည့်အစုံက 43 × 25.4 × 11.45mm နဲ့ အလေးချိန်က ၁၈ ဂရမ် ရှိပါတယ်။

Honor Band 6 ကို တရုတ်မှာ ၂၄၉ ယွမ် သတ်မှတ်ထားပြီး ၄ သောင်း ၇ ထောင်လောက် ကျသင့်ပါတယ်။ NFC ပါတဲ့ မော်ဒယ်ကို ၂၈၉ ယွမ် သတ်မှတ်ထားပြီး ၅ သောင်း ၅ ထောင်လောက် တန်ကြေးရှိပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ၁၁ ရက်နေ့ ရောင်းမှာပါ။ နိုင်ငံတကာမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena