Honor က 200 Series ကြေညာမယ့်နေ့ကို တရားဝင် ပြောကြားလိုက်ပါတယ်။ Honor 200 နဲ့ စွမ်းရည်ပိုမြင့်တဲ့ Honor 200 Pro ကို တရုတ်မှာ မေလ ၂၇ ရက်နေ့ ကြေညာမှာပါ။ အဲဒီဖုန်းတွေကို Honor Website မှာ ကြိုတင်မှာယူခွင့်ပေးထားပြီး ဖုန်း ဒီဇိုင်းနဲ့ အရောင်တွေကို သိလာရပါပြီ။

Honor 200 Series Launch

ဖုန်း ၂ လုံးစလုံးအတွက် Black, Pink, White နဲ့ Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။ ကင်မရာ Island အပါအဝင် အနောက်ဘက် ဒီဇိုင်းက တူညီကြပါတယ်။ အဓိကကွာခြားချက်က အရှေ့မှာ ဖြစ်ပါတယ်။ Honor 200 မှာ အရှေ့ကင်မရာအတွက် Punch Hole Cutout ပါလာပြီး Pro မှာ ဆေးတောင့်ပုံ Notch ပါတဲ့အတွက် ကင်မရာ ၂ လုံး တပ်ထားနိုင်ပါတယ်။

HONOR 200 series to be announced on May 27th

အဲဒီဖုန်းတွေရဲ့ Specs တွေကို တရားဝင် မပြောသေးပေမယ့် Digital Chat Station က သတင်းပေးထားပါတယ်။ ဖုန်း ၂ လုံးစလုံးရဲ့ Main ကင်မရာတွေက 50MP (OIS) Sensor ဖြစ်နိုင်ပြီး 100W Fast Charging ထောက်ပံ့တဲ့ 5,200mAh Battery တပ်ဆင်ထားနိုင်ပါတယ်။ Telephoto ကင်မရာက 50x Digital Zoom ကို ထောက်ပံ့ပေးနိုင်မှာပါ။

Honor က အဲဒီဖုန်းတွေရဲ့ Specs အပြည့်အစုံကို မပြောသေးပါဘူး။ အဲဒီ ဖုန်းတွေရဲ့ သတင်းအချက်အလက် အပြည့်အစုံကို မေလ ၂၇ ရက်နေ့မှာ သိရတော့မှာပါ။

Ref : gizmochina