Honor ဟာ အစောပိုင်းတုန်းက လာမယ့် ဖေဖော်ဝါရီလအတွင်းမှာ ကျင်းပသွားမယ့် Mobile World Congress (MWC) 2023 Event ကိုတက်ရောက်သွားမယ်ဆိုပြီး ပြောကြားထားပါတယ်။ အခုအချိန်မှာ အဆိုပါ MWC Event အကြောင်းကို အသေးစိတ်ကြေညာလိုက်ပါပြီ။

Honor ရဲ့ ကြေညာချက်အရ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ Event ပြုလုပ်သွားမှာဖြစ်ပြီး Honor Magic5 Series ဖုန်းတွေနဲ့ Honor Magic Vs Foldable ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ Event ရဲ့ Teaser ဓါတ်ပုံမှာ Triple Camera Setup လို့ယူဆရတဲ့ပုံကို ထည့်သွင်းထားပြီး “Unleash the Power of Magic” ဆိုပြီး ရေးသားထားတာကိုတွေ့ရပါတယ်။

အစောပိုင်းထွက်ပေါ်ထားတဲ့သတင်းတွေအရ Honor Magic5 Series ဖုန်းတွေဟာ အနည်းဆုံး ၃ မျိုးပါဝင်မှာဖြစ်ပြီး Qualcomm Snapdragon 8 Gen 2 Chipset ကိုပဲ အသုံးပြုထားမှာဖြစ်ပါတယ်။ နာမည်အနေနဲ့ Honor Magic5 ၊ Magic5 Pro နဲ့ Magic5 Ultimate ဆိုပြီး ပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Honor ဟာ Qualcomm Snapdragon 695 Chipset ကိုအသုံးပြုထားတဲ့ Magic5 Lite ဖုန်းကိုလည်း မိတ်ဆက်ဖို့ စီစဥ်နေတာကြောင့် လာမယ့် MWC Event မှာ မြင်တွေ့ရမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Honor Magic Vs Foldable ဖုန်းက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက တရုတ်နိုင်ငံအတွင်းမှာ တရားဝင်မိတ်ဆက်ထားခဲ့ပြီး အခုအချိန်မှာ Global စျေးကွက်အတွက် မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် Specification ပိုင်းနဲ့ ဒီဇိုင်းပိုင်းမှာ ပြောင်းလဲမှုရှိမှာမဟုတ်ဘူးလို့ ယူဆရပါတယ်။

Ref – GSM Arena