Honor ဟာ Huawei ကနေ ခွဲထွက်အပြီးမှာ စမတ်ဖုန်းတွေအများအပြားကို ဆက်တိုက်မိတ်ဆက်လာတာဖြစ်ပါတယ်။ အခုလည်း Honor ကနေ လာမယ့် နိုဝင်ဘာလ ၂၃ ရက်နေ့မှာ Flagship ဖုန်းအသစ်တွေကို တရုတ်နိုင်ငံအတွင်းမှာ မိတ်ဆက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

Honor ကနေ အဓိကမိတ်ဆက်သွားမယ့် Flagship ဖုန်းဟာ Honor Magic 5 ရဲ့ မျိူးဆက်သစ် ဖုန်းဖြစ်လာဖွယ်ရှိနေပြီး Qualcomm Snapdragon 8 Gen 2 Chipset ကို အသုံးပြုလာနိုင်ပါတယ်။​ Qualcomm ကနေ Snapdragon 8 Gen 2 Chipset ကို လာမယ့်ရက်သတ္တပါတ်အတွင်းမှာ မိတ်ဆက်ဖို့စီစဥ်ထားတာကြောင့် အစောဆုံး Snapdragon 8 Gen 2 Chipset ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်လာတော့မှာပါ။

ကျန်တဲ့သတင်းတွေအရတော့ Honor Magic 5 မျိူးဆက်သစ်ဖုန်းဟာ 6.8″ Display ပါဝင်မှာဖြစ်ပြီး 50MP Main Camera Setup ၊​ 100W Fast Charging နဲ့ 50W Wireless Charging တွေကို ထောက်ပံ့သွားဖွယ်ရှိနေပါတယ်။ ဒါတင်မဟုတ်သေးဘဲ​ IP68 Dust & Water Resistant Rating ပါဝင်မှာဖြစ်သလို Android 13 OS ကို အခြေခံထားတဲ့ MagicOS အသစ်ကိုလည်း အသုံးပြုထားမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Honor အနေနဲ့ အဆိုပါ Flagship ဖုန်းအပြင် တခြားသော စမတ်ဖုန်းတွေနဲ့ Product အသစ်တွေကိုပါ မိတ်ဆက်နိုင်ခြေရှိနေတာကြောင့် လာမယ့် နိုဝင်ဘာလ ၂၃ ရက်နေ့က ကျိန်းသေစောင့်ကြည့်ရမှာပါ။

Ref – GSM Arena