Honor က Magic6 Series ရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်တဲ့ Magic6 Lite ကို ကြေညာလိုက်ပါတယ်။ စွမ်းရည်သင့် စမတ်ဖုန်း ဖြစ်ပြီး Honor X9b ကို အမည်ပြောင်းထားတာ ဖြစ်ကာ ဒီဇိုင်းနဲ့ Specifications တွေ တူညီကြပါတယ်။ Honor Magic6 Lite မှာ Qualcomm Snapdragon 6 Gen 1 Chip မောင်းနှင်ထားပါတယ်။

Honor Magic6 Lite arrives as rebranded Honor X9b

Honor Magic6 Lite မှာ 6.78” AMOLED မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး 1220×2652 Pixels Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Android 13 အခြေပြု Magic UI 7.2 မောင်းနှင်ထားပါတယ်။

Honor Magic6 Lite

အနောက်ဘက်မှာ 108MPMain , 5MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ Honor Italy ရဲ့ ဝက်ဘ်ဆိုက်မှာ 8GB RAM / 256GB Storage Version ၁ မျိုးထဲ ထုတ်လုပ်ထားတယ်လို့ အတည်ပြုထားပါတယ်။ 35W Charging ထောက်ပံ့တဲ့ 5,800mAh Battery ပါပါတယ်။

Honor Magic6 Lite အတွက် Midnight Black, Emerald Green နဲ့ Sunrise Orange အရောင်တွေ ထုတ်လုပ်ထားပြီး ကုမ္ပဏီက ဈေးနှုန်းကို မပြောသေးပါဘူး။ ကုမ္ပဏီက မကြာခင်မှာ ဈေးနှုန်းကို ကြေညာမယ်လို့ ထင်ရပါတယ်။

Ref : gsmarena