Honor က Foldable ဖုန်းတွေနဲ့အတူ MagicPad 2 တက်ဘလက်ကို ကြေညာလိုက်ပါတယ်။ 12.3” OLED Display ကို အသုံးပြုထားပြီး 144Hz Refresh Rate , 3000x1920p Resolution နဲ့ 1,600 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ Blue Light ကြောင့် မျက်လုံးထိခိုက်မှုကို လျှော့ချပေးတဲ့ TUV Rheinland စံနှုန်း ပါပါတယ်။

Honor MagicPad 2 arrives with AI, Pad 9 Pro tags along

တက်ဘလက်ရဲ့ အထူက ၅.၈ မီလီမီတာပဲ ရှိပြီး 66W Wired Charging ထောက်ပံ့တဲ့ 10,050mAh Battery ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 13MP နဲ့ အရှေ့ဘက်မှာ 9MP ကင်မရာ တပ်ဆင်ထားပါတယ်။

Honor MagicPad 2 arrives with AI, Pad 9 Pro tags along

Snapdragon 8s Gen 3 Chipset မောင်းနှင်ထားပြီး AI Features တွေထည့်သွင်းထားပါတယ်။ Android 14 အခြေပြု MagicOS 8.0 ပါလာပြီး Multitasking Features တွေ ထည့်သွင်းထားပါတယ်။ Magic Pen 3 Stylus နဲ့ တွဲဖက် အသုံးပြုနိုင်ပြီး Bluetooth 5.3 နဲ့ WiFi 6 ထောက်ပံ့ထားပါတယ်။

Honor MagicPad 2 arrives with AI, Pad 9 Pro tags along

White, Black နဲ့ Cyan အရောင်တွေ ထုတ်လုပ်ထားပြီး 8/256GB, 12/256GB နဲ့ 16GB/1TB Version တွေ ပါပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၄၀၀ ဒေါ်လာနဲ့ တန်ဖိုး အများဆုံး မော်ဒယ်ကို ၅၈၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ ဒီလ ၁၉ ရက်နေ့ စတင် ရောင်းချမှာပါ။

Ref : gsmarena