Unicode

Honor ကနေ နောက်ဆုံးမိတ်ဆက်ထားတဲ့ Smartwatch တစ်လုံးဖြစ်တဲ့ Honor MagicWatch 2 ဟာ ကြည့်ရတာ ထင်ထားတာထက်ပိုအောင်မြင်မှုရရှိနေပါတယ်။ ဘာကြောင့်လဲဆိုရင် စတင်ရောင်းချတဲ့အချိန် ၁ မိနစ်အတွင်းမှာတင် အလုံးရေ ၁ သောင်းခန့်ရောင်းချနိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။

Honor ကနေ ဒီ MagicWatch 2 ကို ယခုမှစတင်ရောင်းချတာဖြစ်ပြီးတော့ ဝယ်လိုအားက ထင်ထားတာထက်ကို ပိုများပြားနေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ထဲက Smartwatch အပါအဝင် Wearable တွေရဲ့ စျေးကွက်က ပိုပြီးတိုးတက်လာတဲ့အတွက် ဒီလိုမျိုး Honor အနေနဲ့ စစခြင်းမှာတင် ရောင်းအားမြင့်မားတာက အားရဖို့ကောင်းနေပါတယ်။ နောက်ထပ် Honor MagicWatch 2 ကို ရောင်းချမယ့်အချိန်က လာမယ့် ဇန်နဝါရီလ ၇ ရက်နေ့မှ ထပ်ပြီးရောင်းချမှာဖြစ်ပါတယ်။

Honor MagicWatch 2 ဟာ Huawei Kirin A1 processor ကို အသုံးပြုထားတဲ့အပြင် 1.39″ AMOLED Display ၊ Bluetooth Call တွေနဲ့ 50m Waterproof လိုမျိုး Feature တွေပါဝင်တာပဲဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Physical Sport Activities တွေကို ၁၅ မျိုးခန့် Support ပြုလုပ်ပါသေးတယ်။

Honor MagicWatch 2 မှာ ကျန်းမာရေး Feature တွေဖြစ်တဲ့ Heart Rate ၊ Blood Pressur ၊ Oxygen Level ကို တိုင်းတာတဲ့ Feature တွေပါဝင်ပြီးတော့ စျေးနှုန်းအနေနဲ့ 1,099 Yuan (မြန်မာငွေ ၂ သိန်း ၃ သောင်းဝန်းကျင်) ကနေ စတင်မှာဖြစ်ပါတယ်။

Ref – Gizmo China

Zawgyi

Honor ကေန ေနာက္ဆုံးမိတ္ဆက္ထားတဲ့ Smartwatch တစ္လုံးျဖစ္တဲ့ Honor MagicWatch 2 ဟာ ၾကည့္ရတာ ထင္ထားတာထက္ပိုေအာင္ျမင္မႈရရွိေနပါတယ္။ ဘာေၾကာင့္လဲဆိုရင္ စတင္ေရာင္းခ်တဲ့အခ်ိန္ ၁ မိနစ္အတြင္းမွာတင္ အလုံးေရ ၁ ေသာင္းခန္႔ေရာင္းခ်ႏိုင္ခဲ့တာေၾကာင့္ျဖစ္ပါတယ္။

Honor ကေန ဒီ MagicWatch 2 ကို ယခုမွစတင္ေရာင္းခ်တာျဖစ္ၿပီးေတာ့ ဝယ္လိုအားက ထင္ထားတာထက္ကို ပိုမ်ားျပားေနခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ထဲက Smartwatch အပါအဝင္ Wearable ေတြရဲ႕ ေစ်းကြက္က ပိုၿပီးတိုးတက္လာတဲ့အတြက္ ဒီလိုမ်ိဳး Honor အေနနဲ႔ စစျခင္းမွာတင္ ေရာင္းအားျမင့္မားတာက အားရဖို႔ေကာင္းေနပါတယ္။ ေနာက္ထပ္ Honor MagicWatch 2 ကို ေရာင္းခ်မယ့္အခ်ိန္က လာမယ့္ ဇန္နဝါရီလ ၇ ရက္ေန႔မွ ထပ္ၿပီးေရာင္းခ်မွာျဖစ္ပါတယ္။

Honor MagicWatch 2 ဟာ Huawei Kirin A1 processor ကို အသုံးျပဳထားတဲ့အျပင္ 1.39″ AMOLED Display ၊ Bluetooth Call ေတြနဲ႔ 50m Waterproof လိုမ်ိဳး Feature ေတြပါဝင္တာပဲျဖစ္ပါတယ္။ ဒါတင္မဟုတ္ေသးဘဲ Physical Sport Activities ေတြကို ၁၅ မ်ိဳးခန္႔ Support ျပဳလုပ္ပါေသးတယ္။

Honor MagicWatch 2 မွာ က်န္းမာေရး Feature ေတြျဖစ္တဲ့ Heart Rate ၊ Blood Pressur ၊ Oxygen Level ကို တိုင္းတာတဲ့ Feature ေတြပါဝင္ၿပီးေတာ့ ေစ်းႏႈန္းအေနနဲ႔ 1,099 Yuan (ျမန္မာေငြ ၂ သိန္း ၃ ေသာင္းဝန္းက်င္) ကေန စတင္မွာျဖစ္ပါတယ္။

Ref – Gizmo China