Honor ဟာ အခုအချိန်မှာ Huawei ရဲ့ လက်အောက်ကနေ လုံးဝကို ခွဲထွက်ပြီး သီးသန့်ကုမ္ပဏီတစ်ခုဖြစ်သွားပြီဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း လာမယ့် Honor V40 Series ဖုန်းတွေမှာ Huawei ရဲ့ Kirin Chipset တွေအစား MediaTek Dimensity Series Chipset တွေကို ပြောင်းလဲအသုံးပြုဖို့အထိ စီစဥ်နေတာဖြစ်ပါတယ်။

အခုလည်း Honor ကနေ သူ့ရဲ့ စမတ်ဖုန်းတွေနဲ့ တခြားသော Device တွေကို အလွယ်ဝယ်ယူနိုင်ဖို့အတွက် အစီအစဥ်တစ်ခုကိုဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒါကတော့ လာမယ့် ဇန်နဝါရီလအစောပိုင်းမှာ Honor Mall နာမည်နဲ့ ဝယ်ယူနိုင်မယ့် Marketplace တစ်ခုကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Honor ကနေ Honor Mall တင်မဟုတ်ဘဲ “Honor Club” နာမည်နဲ့ Member ဝင်ရောက်နိုင်တဲ့ App တစ်ခုကိုလည်း မိတ်ဆက်ဖို့စီစဥ်နေတာဖြစ်ပါတယ်။ ယခင်တုန်းက Huawei Club ဖြစ်တဲ့ Pollen Club မှာ Honor Device တွေလည်း ပါဝင်ခဲ့ပြီး အခုအချိန်မှာတော့ သီးသန့်ခွဲထွက်ဖို့စီစဥ်နေတာပါ။

လာမယ့် Honor V40 Series ဖုန်းတွေကိုတော့ တရုတ်နိုင်ငံရဲ့ Online Shopping Website တစ်ခုဖြစ်တဲ့ JD.com မှာ ရောင်းချသွားဦးမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကိုယ်ပိုင် Honor Mall မှာပဲ ပြောင်းလဲရောင်းချသွားဖို့များနေပါတယ်။

ဘာပဲဖြစ်ဖြစ် Honor ဟာ Huawei လက်အောက်ကနေ ရုန်းထွက်နိုင်ပြီဖြစ်တဲ့အတွက် လာမယ့်နှစ်မှာ Google Mobile Services ပြန်လည်အသုံးပြုနိုင်မလားဆိုတာနဲ့ ဘယ်လိုမျိုး စမတ်ဖုန်းတွေမိတ်ဆက်လာမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Giz China