Honor က စွမ်းရည်သင့် Pad GT တက်ဘလက်ကို ကြေညာလိုက်ပြီး Specs တွေက Honor Pad V9 နဲ့ တူညီပေမယ့် ဒီဇိုင်း ဆန်းသစ်ထားပါတယ်။
တက်ဘလက်မှာ 11.5” IPS LCD 2800x1840p Display တပ်ထားပြီး 144Hz Refresh Rate ပါပါတယ်။ 500 Nits Peak Brightness ထည့်သွင်းထားပါတယ်။ Spatial Audio ပါတဲ့ စပီကာ ၈ လုံး တပ်ဆင်ထားပြီး Magic Pen Stylus နဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။
တက်ဘလက်မှာ MediaTek Dimensity 8350 Chipset ပါလာပြီး 8/12GB RAM နဲ့ 512GB Storage အထိ ထည့်သွင်းထားပါတယ်။ ကီးဘုတ်နဲ့လည်း တွဲဖက် အသုံးပြုနိုင်ပါတယ်။
အနောက်ဘက်မှာ 13MP Main နဲ့ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ တပ်ထားပါတယ်။ Software က Android 15 အခြေပြု MagicOS 9.0 ဖြစ်ပါတယ်။ 66W Wired Fast Charging ထောက်ပံ့တဲ့ 10,100mAh Battery ပါလာပါတယ်။
Honor Pad GT အတွက် Blue, Gray နဲ့ White အရောင်တွေ ထုတ်လုပ်ထားပြီး တရုတ်မှာ 8/128GB ကို ၂၆၀ ဒေါ်လာနဲ့ 12/512GB ကို ၃၈၂ ဒေါ်လာ သတ်မှတ်ထားပါတယ်။
Ref : gsmarena