မနှစ်က Honor က 12.3” 144Hz OLED display၊ Snapdragon 8s Gen 3 chip နဲ့ 10,050mAh ဘက်ထရီပါဝင်တဲ့ Pad GT Pro ဂိမ်းမင်းတက်ဘလက်ကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ အဲဒီတက်ဘလက်ရဲ့ နောက်ထွက်မျိုးဆက်သစ်ကို ထပ်မံထုတ်ဖော်ပြသလိုက်ပြီး ဒီလကုန်ပိုင်းမှာ ရောင်းချသွားမှာ ဖြစ်ပါတယ်။
Honor Pad GT2 Pro မှာ screen refresh rate ကို 165Hz အထိ မြှင့်တင်ထားပြီး CrossFire: Gunfight King ဂိမ်းကို 165fps နဲ့ ကစားနိုင်မယ်လို့ ကတိပေးထားတဲ့အတွက် အဲဒီ refresh rate ကို အပြည့်အဝ အသုံးချနိုင်မှာ ဖြစ်ပါတယ်။ Screen resolution ကိုတော့ “3K” လို့ ဖော်ပြထားပေမယ့် တိကျတဲ့ ကိန်းဂဏန်းတွေကိုတော့ မသိရသေးပါဘူး (resolution က မူလမော်ဒယ်အတိုင်း 3,000 x 1,920px ဖြစ်နိုင်ပါတယ်)။
မော်ဒယ်အသစ်မှာ Snapdragon 8 Gen 3 chip ကိုသုံးထားတဲ့အတွက် စွမ်းဆောင်ရည်ပိုမြင့်လာပါတယ် – ဒီတစ်ခါမှာတော့ “s” မပါတော့ပါဘူး။ Benchmark ရလဒ်တွေမှာ ကွာခြားချက်က ထင်ထားတာထက် ပိုသိသာပါတယ်။ Pad GT2 Pro ကို RAM 8/12/16GB နဲ့ storage 128/256/512GB ဆိုပြီး ရွေးချယ်နိုင်ပါတယ် (ဈေးနှုန်းတွေကိုတော့ အောက်မှာ ဖော်ပြထားပါတယ်)။ တက်ဘလက်မှာ graphene နဲ့ပြုလုပ်ထားတဲ့ အအေးပေးစနစ်ကို ပိုကောင်းအောင် လုပ်ထားတယ်လို့လည်း ဆိုပါတယ်။
ဘက်ထရီကတော့ 10,100mAh ရှိလာပေမယ့် အားသွင်းနှုန်းကိုတော့ မကြေညာသေးပါဘူး (မူလမော်ဒယ်က 66W ဖြစ်ပါတယ်)။ မော်ဒယ်အသစ်ရဲ့ ကိုယ်ထည်က 5.8mm သာထူပြီး အလေးချိန် 580g ရှိတဲ့အတွက် အရင်မော်ဒယ် (555g) ထက် နည်းနည်းပိုလေးလာပါတယ်။
အရင်မော်ဒယ်လိုပဲ Pad GT2 Pro မှာ ပတ်လည်အသံစနစ်ကောင်းကောင်း ခံစားရစေမယ့် IMAX Enhanced စပီကာ ၈ လုံးနဲ့ တုန်ခါမှုတုံ့ပြန်ပေးတဲ့ haptic feedback engine တစ်ခုလည်း ပါဝင်ပါသေးတယ်။
Honor Pad GT2 Pro ကို တရုတ်နိုင်ငံမှာ လာမယ့် ဇူလိုင်လ ၂၈ ရက် မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ အခုကတည်းက Honor ရဲ့ online store မှာ Ice Crystal White နဲ့ Phantom Gray အရောင်နှစ်မျိုးထဲက ကြိုက်နှစ်သက်ရာကို ရွေးချယ်ပြီး pre-order မှာယူထားနိုင်ပါပြီ။ ဈေးနှုန်းတွေကိုအောက်မှာ ကြည့်နိုင်ပါတယ်။
Ref : gsmarena