Honor က တက်ဘလက် အသစ် ၁ လုံးကို ကြေညာဖို့ ပြင်ဆင်နေပြီး Honor Pad V8 Pro လို့ အမည်ပေးထားပါတယ်။ အဲဒီ တက်ဘလက်မှာ MediaTek Dimensity 8100 5G Chipset လို စွမ်းရည်မြင့် Specs တွေ ပါလာမှာပါ။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ တက်ဘလက်ရဲ့ အဓိက Specs တွေကို Tipster Digital Chat Station က မျှဝေလိုက်ပါတယ်။

Honor Pad V8 Pro

Digital Chat Station က Honor Pad V8 Pro မှာ ၁၂.၁ လက်မ 2560x1600p မျက်နှာပြင်ကြီးနဲ့ 144Hz Refresh Rate ပါလာမယ်လို့ ပြောပါတယ်။ MediaTek Dimensity 8100 5G Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 8GB နဲ့ 12GB RAM Option တွေ ရွေးချယ်နိုင်မှာပါ။ မျက်နှာပြင်ကြီးတဲ့အတွက် အရွယ်ကြီး 10,050mAh ဘက်ထရီ ထည့်သွင်းထားမှာပါ။

Honor Pad V8 Pro Specifications Leaked

Honor က ဘက်ထရီအတွက် 35W Fast Wired Charging ထောက်ပံ့ပေးထားမှာ ဖြစ်ပြီး MagicOS 7.0 မောင်းနှင်ထားမှာပါ။ အရွယ်အစား အပြည့်အစုံက 277*178.95*6.8mm ဖြစ်ပါတယ်။ ဒါတွေကတော့ Digital Chat Station မျှဝေထားတဲ့ Honor တက်ဘလက်ရဲ့ Specs အကုန် ဖြစ်ပါတယ်။

တက်ဘလက်ရဲ့ ကင်မရာတွေ၊ တည်ဆောက်မှု အရည်အသွေး၊ မျက်နှာပြင် အမျိုးအစားတွေကို လက်ရှိမှာ မသိရသေးပါဘူး။ ဒါပေမယ့် OLED မျက်နှာပြင် သုံးထားမှာ သေချာသလောက် ရှိပြီး အနောက်ဘက်က ကင်မရာ ၂ လုံးထဲမှာ 50MP Main ကင်မရာ ပါလာနိုင်ပါတယ်။

Ref : gizmochina