Honor က ဒီလ ၂၆ ရက်နေ့ တရုတ်မှာ ထုတ်ကုန် အသစ် မိတ်ဆက်ပွဲကို ကျင်းပမှာ ဖြစ်ပြီး Honor 80 GT စမတ်ဖုန်းနဲ့ Honor Pad V8 Pro တက်ဘလက်တို့ကို ကြေညာမယ်လို့ အတည်ပြုထားပြီးပါပြီ။ ကုမ္ပဏီက အထူးထုတ် Honor 80 မော်ဒယ် ၁ လုံးကိုလည်း ချပြမယ်လို့ ပြောထားပါတယ်။

Honor Pad V8 Pro Specifications, price and features - Specs Tech

အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ Honor က အဲဒီ ထုတ်ကုန် အသစ်တွေရဲ့ လုပ်ဆောင်ချက်တွေကို Tease လုပ်နေပြီး တက်ဘလက်အသစ်မှာ ပါမယ့် Chipset ကို အတည်ပြုလိုက်ပါတယ်။ Honor Pad V8 Pro မှာ MediaTek Dimensity 8100 Chipset ပါလာမှာ ဖြစ်ပြီး အဲဒီ Chip ပါတဲ့ ကမ္ဘာ့ ပထမဆုံး တက်ဘလက် ဖြစ်လာမှာပါ။

Honor Pad V8 Pro Teased to Launch in December with MagicOS 7.0 - Gizmochina

ဒါ့အပြင် ကုမ္ပဏီက တက်ဘလက်မှာ Android 13 အခြေပြု MagicOS 7.0 မောင်းနှင်ထားမယ်လို့ သတင်းပေးလိုက်ပါတယ်။

တရားဝင် ပရိုမိုးရှင်း ပိုစတာတွေအရ Honor Pad V8 Pro မှာ ပြားချပ်တဲ့ ဘေးဘောင်တွေ တပ်ဆင်ထားမှာ ဖြစ်ပြီး ကီးဘုတ်နဲ့ ချိတ်ဆက်ဖို့ အနောက်ဘက်မှာ သံလိုက် Connector ပါလာမှာပါ။ မျက်နှာပြင်ကို ဒစ်ဂျစ်တယ် ဘောပင်နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး အပြာနဲ့ လိမ္မော်ရောင် ၂ မျိုး ထုတ်လုပ်ထားမှာပါ။

တက်ဘလက်အတွက် အမှာစာတွေကို JD.com မှာ လက်ခံနေပြီ ဖြစ်ပြီး စတိုးက စာရင်းအရ ၁၂.၆ လက်မ မျက်နှာပြင် တပ်ဆင်ထားမှာပါ။ 33W Fast Charging ပါလာမယ်လို့ 3C မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ Honor Pad V8 Pro ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးပြီး လာမယ့် ရက်ပိုင်းအတွင်း တရားဝင် Teaser တွေ ထပ်မံထွက်ပေါ်လာနိုင်ပါတယ်။

Ref : gizmochina