ဖုန်း ကုမ္ပဏီတွေက သူတို့ရဲ့ ဖုန်းတွေမှာ Generative AI ကို အပြိုင်အဆိုင် ထည့်သွင်းဖို့ ကြိုးစားလာကြပါတယ်။ အဲဒီအထဲမှာ Honor လည်းပါပါတယ်။ Honor က နောက်ထုတ်မယ့် ဖုန်းတွေမှာ Generative AI ထည့်သွင်းဖို့ Google နဲ့ ပူးပေါင်းလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။

Honor Partners with Google to Integrate AI technology in MagicOS | Globe Echo

Honor ဟာ မရောင်းချသေးတဲ့ ဖုန်းတွေမှာ Google Cloud ရဲ့ Generative AI ကို စမ်းသပ် အသုံးပြုနိုင်မှာပါ။ User တွေအတွက် Privacy ပိုကောင်းပြီး ဉာဏ်ရည်မြင့်တဲ့ တီထွင်ဆန်းသစ်မှုတွေကို ပံ့ပိုးပေးဖို့ ရည်ရွယ်ထားပါတယ်။

HONOR Malaysia

Honor က MagicOS မှာ ကုမ္ပဏီရဲ့ Four-layer AI Architecture ကို ထည့်သွင်းမယ်လို့ ပြောပါတယ်။ ပထမ Layer က Cross-device နဲ့ Cross-OS AI ဖြစ်ပြီး Device နဲ့ Operating System များစွာမှာ Computing Power နဲ့ Service တွေကို မျှဝေဖို့ ဖြစ်ပါတယ်။

Platform-level AI Layer က Human-computer Interaction ကို လုပ်ဆောင်မှာပါ။ တတိယ Layer က App-level AI ဖြစ်ပြီး User တွေအတွက် အကျိုးရှိစေမယ့် Generative AI လုပ်ငန်းတွေကို ပံ့ပိုးပေးမှာပါ။ Cloud-AI Services Layer က User တွေရဲ့ Privacy ကို ကာကွယ်ပေးပြီး Cloud Service တွေကို လွယ်ကူစွာ အသုံးပြုလို့ရစေမှာပါ။

Ref : phonearena