Zawgyi

Honor ကုမၸဏီကေတာ့ Honor 20S ထုတ္ကုန္အသစ္ကို မိတ္ဆက္ၿပီးတဲ့ေနာက္ Honor Play 3 ကုိပါ ထပ္မံမိတ္ဆက္ေၾကညာလိုက္ပါတယ္။ Play 3 ဟာ Entry-level ေစ်းနႈန္းနဲ႔ 48MP ကင္မရာ အသုံးျပဳႏုိင္မယ့္ ဟန္းဆက္အသစ္ဆုိလည္း မမွားပါဘူး။

ေနာက္ေက်ာဘက္မွာ Triple-camera ကိုထည့္သြင္းလာၿပီး 48MP f/1.8 Lens အား 8MP Ultra-wide နဲ႔ Depth Sensor တုိ႔ျဖင့္ ေပါင္းစပ္ထားပါတယ္။ Selfie ကင္မရာက Punch-hole အမ်ဳိးအစားျဖစ္ၿပီး 8MP Sensor ကိုအသုံးျပဳထားပါတယ္။

ေရွ႕ဘက္မွာ 6.39” IPD LCD Display ပါဝင္ကာ 720 x 1560p Resolution နဲ႔ျဖစ္ပါတယ္။ အဆုိပါ Screen ကို အမွတ္တံဆိပ္မရွိတဲ့ ကုတ္ျခစ္ဒဏ္ခံႏုိင္ရည္ရွိ Glass ျဖင့္အသုံးျပဳထားပါတယ္။ Honor ဟာ ေရွ႕ကင္မရာအတြက္ Punch-hole အရြယ္အစားကို ၃၀% ထိေလွ်ာ့ခ်ႏုိင္ခဲ့တာေၾကာင့္ ဒီဖုန္းရဲ႕ Screen-to-body Ratio ဟာ ၉၀% ထိရွိတယ္လို႔ ေၾကညာထားပါတယ္။

Honor Play 3 ရဲ႕အတြင္းပိုင္းမွာ Kirin 710F ခ်စ္ပ္ဆက္အသုံးျပဳထားကာ Cortex-A73 Core ေလးခုနဲ႔ A53 Core ေလးခုတုိ႔ပါဝင္ပါတယ္။ အေျခခံေမာ္ဒယ္မွာ 4GB RAM မန္မုိရီနဲ႔ 64GB Storage ျဖစ္ေပမယ့္ အျခားေရြးခ်ယ္မႈေတြကလည္း သိပ္မကြာျခားလွဘဲ 6/64GB နဲ႔ 4/128GB ဆုိၿပီး ထပ္မံေရြးခ်ယ္ႏုိင္မွာပါ။

ႀကီးမားတဲ့ Display အရြယ္အစားနဲ႔လုိက္ေအာင္ ဘကၳရီကလည္း 4,000 mAh ပါဝင္ၿပီး 10W အားအျမန္သြင္းစနစ္နဲ႔တြဲဖက္ထားတာေၾကာင့္ ဘကၳရီအျပည့္ရေအာင္ဆုိရင္ေတာ့ ၂ နာရီခြဲေလာက္ သြင္းရမွာပါ။ သူ႕မွာ IP5x အသိအမွတ္ျပဳ(ဖုန္ဒဏ္ခံႏုိင္ရည္)သာျပသထားေပမယ့္ Honor ကေတာ့ ဒီဖုန္းဟာ ေရစုိဒဏ္လည္း ခံႏုိင္တယ္လို႔ ေၾကညာခဲ့ပါတယ္။

Honor Play 3 ကို အေရာင္သုံးမ်ဳိးနဲ႔ရရွိႏုိင္မွာျဖစ္ၿပီး ေနာက္ဘက္မွာ စိတ္ဝင္စားစရာ ႀတိဂံပုံစံ Pattern အေရာင္ေျပးေတြပါဝင္တာကိုေတြ႕ရပါတယ္။ ေစ်းႏႈန္းကေတာ့ အေျခခံ 4/64GB ေမာ္ဒယ္အတြက္ တရုတ္ယြမ္ ၁၀၀၀ (ျမန္မာေငြႏွစ္သိန္းတစ္ေသာင္းေက်ာ္) သာ က်သင့္မွာျဖစ္ၿပီး က်န္တဲ့ 6/64GB နဲ႔ 4/128GB ႏွစ္မ်ဳိးလုံး တရုတ္ယြမ္ေငြ ၁၃၀၀ (ျမန္မာေငြႏွစ္သိန္းရွစ္ေသာင္းနီးပါး) သတ္မွတ္ထားပါတယ္။ ပထမဆုံး Honor Play 3 စမတ္ဖုန္းေတြဟာ စက္တင္ဘာလလည္မွာ ေစ်းကြက္ထဲ ဝင္ေရာက္လာမွာပါ။

Ref – GSM Arena

Unicode

Honor ကုမ္ပဏီကတော့ Honor 20S ထုတ်ကုန်အသစ်ကို မိတ်ဆက်ပြီးတဲ့နောက် Honor Play 3 ကိုပါ ထပ်မံမိတ်ဆက်ကြေညာလိုက်ပါတယ်။ Play 3 ဟာ Entry-level ဈေးနှုန်းနဲ့ 48MP ကင်မရာ အသုံးပြုနိုင်မယ့် ဟန်းဆက်အသစ်ဆိုလည်း မမှားပါဘူး။

နောက်ကျောဘက်မှာ Triple-camera ကိုထည့်သွင်းလာပြီး 48MP f/1.8 Lens အား 8MP Ultra-wide နဲ့ Depth Sensor တို့ဖြင့် ပေါင်းစပ်ထားပါတယ်။ Selfie ကင်မရာက Punch-hole အမျိုးအစားဖြစ်ပြီး 8MP Sensor ကိုအသုံးပြုထားပါတယ်။

ရှေ့ဘက်မှာ 6.39” IPD LCD Display ပါဝင်ကာ 720 x 1560p Resolution နဲ့ဖြစ်ပါတယ်။ အဆိုပါ Screen ကို အမှတ်တံဆိပ်မရှိတဲ့ ကုတ်ခြစ်ဒဏ်ခံနိုင်ရည်ရှိ Glass ဖြင့်အသုံးပြုထားပါတယ်။ Honor ဟာ ရှေ့ကင်မရာအတွက် Punch-hole အရွယ်အစားကို ၃၀% ထိလျှော့ချနိုင်ခဲ့တာကြောင့် ဒီဖုန်းရဲ့ Screen-to-body Ratio ဟာ ၉၀% ထိရှိတယ်လို့ ကြေညာထားပါတယ်။

Honor Play 3 ရဲ့အတွင်းပိုင်းမှာ Kirin 710F ချစ်ပ်ဆက်အသုံးပြုထားကာ Cortex-A73 Core လေးခုနဲ့ A53 Core လေးခုတို့ပါဝင်ပါတယ်။ အခြေခံမော်ဒယ်မှာ 4GB RAM မန်မိုရီနဲ့ 64GB Storage ဖြစ်ပေမယ့် အခြားရွေးချယ်မှုတွေကလည်း သိပ်မကွာခြားလှဘဲ 6/64GB နဲ့ 4/128GB ဆိုပြီး ထပ်မံရွေးချယ်နိုင်မှာပါ။

ကြီးမားတဲ့ Display အရွယ်အစားနဲ့လိုက်အောင် ဘက္ထရီကလည်း 4,000 mAh ပါဝင်ပြီး 10W အားအမြန်သွင်းစနစ်နဲ့တွဲဖက်ထားတာကြောင့် ဘက္ထရီအပြည့်ရအောင်ဆိုရင်တော့ ၂ နာရီခွဲလောက် သွင်းရမှာပါ။ သူ့မှာ IP5x အသိအမှတ်ပြု(ဖုန်ဒဏ်ခံနိုင်ရည်)သာပြသထားပေမယ့် Honor ကတော့ ဒီဖုန်းဟာ ရေစိုဒဏ်လည်း ခံနိုင်တယ်လို့ ကြေညာခဲ့ပါတယ်။

Honor Play 3 ကို အရောင်သုံးမျိုးနဲ့ရရှိနိုင်မှာဖြစ်ပြီး နောက်ဘက်မှာ စိတ်ဝင်စားစရာ တြိဂံပုံစံ Pattern အရောင်ပြေးတွေပါဝင်တာကိုတွေ့ရပါတယ်။ ဈေးနှုန်းကတော့ အခြေခံ 4/64GB မော်ဒယ်အတွက် တရုတ်ယွမ် ၁၀၀၀ (မြန်မာငွေနှစ်သိန်းတစ်သောင်းကျော်) သာ ကျသင့်မှာဖြစ်ပြီး ကျန်တဲ့ 6/64GB နဲ့ 4/128GB နှစ်မျိုးလုံး တရုတ်ယွမ်ငွေ ၁၃၀၀ (မြန်မာငွေနှစ်သိန်းရှစ်သောင်းနီးပါး) သတ်မှတ်ထားပါတယ်။ ပထမဆုံး Honor Play 3 စမတ်ဖုန်းတွေဟာ စက်တင်ဘာလလည်မှာ ဈေးကွက်ထဲ ဝင်ရောက်လာမှာပါ။

Ref – GSM Arena