Honor က မေလမှာ တန်ဖိုးနည်း Play 40 5G ကို တရုတ်မှာ ကြေညာခဲ့ပြီး ဇူလိုင်လမှာ Honor Play 40C ကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Honor Play 40S ကို ကြေညာလိုက်ပါတယ်။ အရွယ်ကြီး Battery နဲ့ Snapdragon 480+ SoC ထည့်သွင်းထားပါတယ်။

Honor Play 40S

Honor Play 40S မှာ 6.56” TFT LCD မျက်နှာပြင် တပ်ဆင်ထားပြီး 720×1612 Pixel Resolution ရှိပါတယ်။ 90Hz Refresh Rate ထောက်ပံ့ထားတဲ့အတွက် ရုပ်ထွက်တွေ ချောမွတ်ပါတယ်။ အရှည်က ၁၆၃.၂၂ မီလီမီတာနဲ့ အကျယ်က ၇၅.၀၇ မီလီမီတာ ၊ အထူက ၈.၃၅ မီလီမီတာ ဖြစ်ပြီး အလေးချိန်က ၁၈၈ ဂရမ် ဖြစ်ပါတယ်။

Honor Play 40S

Snapdragon 480+ Chipset မောင်းနှင်ထားပြီး 4GB RAM နဲ့ 128GB Storage ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 13MP နဲ့ အရှေ့ဘက်မှာ 8MP ကင်မရာတွေ တပ်ဆင်ထားပါတယ်။

5,200mAh Battery ပါလာပြီး 4G, 5G , 3G ဆက်သွယ်မှုတွေကို ထောက်ပံ့ထားပါတယ်။ WiFi, Bluetooth 5.1 , GPS တွေ အသုံးပြုနိုင်ပါတယ်။ Honor Histen Sound Effect ထည့်ထားပြီး Type-C Port နဲ့ နားကြပ်ပေါက် တပ်ဆင်ထားပါတယ်။

တရုတ်မှာ ၁၃၇ ဒေါ်လာ သတ်မှတ်ထားပြီး Midnight Black နဲ့ Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina