လာမယ့် ဧပြီလ ၉ ရက်နေ့မှာ Honor ကနေ Honor Play 4T Series ဖုန်းတွေကို Budget ဖုန်းတွေအနေနဲ့ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Honor Play 4T Series ဖုန်းတွေဟာ Honor Play 4T နဲ့ Honor Play 4T Pro လို့ သိရပြီးတော့ TENAA မှာလည်း ယခင်တုန်းကသတင်းထွက်ပေါ်ခဲ့ပါသေးတယ်။

အခုအချိန်မှာ Honor ကနေ အဆိုပါ Play 4T Series ဖုန်းတွေရဲ့ အဓိကအချက်အလက်တွေကို ဖော်ပြလိုက်ပြီဖြစ်ပါတယ်။ ယခုဖော်ပြချက်အရ Honor Play 4T Pro ဖုန်းဟာ Kirin 810 Chipset ၊ 48MP Triple Camera Setup နဲ့ 4000mAh Battery တွေပါ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် Honor Play 4T Pro ကပဲ Kirin 810 Chipset ပါဝင်လာမှာဖြစ်ပြီး Honor Play 4T ဖုန်းကတော့ Clock Speed 2.0GHz ပဲရှိတဲ့ အနိမ့်ပိုင်း Processor တစ်ခုကိုပဲ အသုံးပြုလာမှာပါ။ ဒါတင်မဟုတ်သေးဘဲ Camera အနေနဲ့လည်း Dual Camera Setup ကိုပဲအသုံးပြုထားပြီး Battery အနေနဲ့ပဲ တူညီတဲ့ 4000mAh Battery ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

Display ပိုင်းအနေနဲ့ကတော့ Honor Play 4T က 6.39″ HD+ IPS LCD Display ကို အသုံးပြုလာမှာဖြစ်ပြီး Play 4T Pro ကတော့ 6.3″ HD+ AMOLED Display ကိုအသုံးပြုလာမှာဖြစ်ပါတယ်။ RAM နဲ့ Storage အနေနဲ့လည်း Honor Play 4T ဟာ RAM 4GB ၊ 64GB နဲ့ RAM 6GB ၊ 128GB ဆိုပြီး ထွက်ရှိလာမှာဖြစ်ပြီး Honor Play 4T Pro ကတော့ RAM 6GB ၊ 128GB နဲ့ RAM 8GB ၊ 256GB ဆိုပြီးထွက်ရှိလာမှာပါ။

Camera Setup အနေနဲ့ကတော့ Honor Play 4T Pro ဖုန်းကတော့ 48MP Primary Sensor ၊ 8MP Ultrawide Sensor နဲ့ 2MP Sensor တွေပါဝင်ပြီးတော့ Honor Play 4T မှာတော့ 48MP + 2MP Camera Setup ပဲပါဝင်မှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ Play 4T Pro မှာ 16MP Sensor ပါဝင်မှာဖြစ်ပြီး Play 4T မှာတော့ 8MP Sensor ပဲပါဝင်လာမှာပါ။ Honor Play 4T ဖုန်းမှာဆိုရင် 22.5W Fast Charging အပြင် Under-display Fingerprint Sensor လည်းပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref – Gizmo China