Honor က ပြီးခဲ့တဲ့ အောက်တိုဘာလမှာ Play 40 Plus ကို ကြေညာခဲ့ပြီး ၁ နှစ်အကြာမှာ နောက်မျိုးဆက် Honor Play 50 Plus ကိုချပြလိုက်ပါတယ်။

Honor Play 50 Plus unveiled with Dimensity 6020 SoC and 50MP camera

Honor Play 50 Plus မှာ Dimensity 6020 SoC မောင်းနှင်ထားပြီး Android 13 အခြေပြု MagicOS 7.2 ပါပါတယ်။ 256GB Storage ထည့်ထားပြီး 8GB နဲ့ 12GB RAM Option ၂ မျိုး ရွေးချယ်နိုင်ပါတယ်။ 6.8” 90Hz FullHD+ LCD မျက်နှာပြင် တပ်ဆင်ထားပြီး မျက်နှာပြင် အလယ်က Punch Hole မှာ 8MP ဆဲလ်ဖီး ကင်မရာ ပါလာပါတယ်။

အနောက်ဘက် ကာဗာဟာ Samsung Galaxy S22 ,, S22+ နဲ့ ဆင်တူပြီး အရွယ်ကြီး စက်ဝိုင်းပုံ Ring ၂ ခုထဲမှာ Flash နဲ့ 50MP Main, 2MP Depth ကင်မရာတွေ ထည့်ထားပါတယ်။ 35W Charging ထောက်ပံ့တဲ့ 6,000mAh Battery ပါလာပါတယ်။

HONOR Play 50 Plus: Dimensity 6020 CPU, FHD+ 90Hz, 6000mAh | NoypiGeeks

Honor Play 50 Plus မှာ ဘေးဘက်လက်ဗွေရာ ကိရိယာ၊ စပီကာ ၂ လုံးနဲ့ Hi-Res Audio Support တွေ ပါပါတယ်။ နားကြပ်ပေါက်၊ USB-C Port နဲ့ 5G ဆက်သွယ်မှု ထည့်သွင်းထားပါတယ်။

Honor Play 50 Plus အတွက် အရောင် ၄ မျိုး ထုတ်လုပ်ထားပြီး 12/256GB ကို ၁၉၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ Honor ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကနေ ဝယ်ယူနိုင်ပြီ ဖြစ်ပြီး Honor က 8/256GB ရဲ့ ဈေးနှုန်းကို မပြောသေးပါဘူး။

Ref : gsmarena