Honor က စက်ရုပ်လက်တံကို အသုံးပြုပြီး ဖုန်းထဲကနေ ခေါက်ထွက်လာတဲ့ ကင်မရာပါရှိတဲ့ စမတ်ဖုန်းတစ်လုံးကို တီထွင်ထုတ်လုပ်နေတယ်လို့ ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။
လာမယ့်နှစ်အစောပိုင်း ဘာစီလိုနာမှာကျင်းပမယ့် Mobile World Congress မှာ အသေးစိတ်အချက်အလက်တွေကို မျှဝေဖို့ အစီအစဉ်ရှိတယ်လို့ ကုမ္ပဏီက ပြောပါတယ်။
ဒီဖုန်းအသစ်ဟာ AI ကို ပေါင်းစပ်ထားပြီး ဆယ်စုနှစ်တွေနဲ့ချီ သက်တမ်းရှိတဲ့ ဟာ့ဒ်ဝဲဒီဇိုင်းကို လှုပ်ခတ်ပစ်မှာ ဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းမှာ ဘေဂျင်းအခြေစိုက် Roborock ကုမ္ပဏီက အပေါ်ကနေ ခေါက်ထွက်လာတဲ့ လက်တံတစ်ခုပါတဲ့ စက်ရုပ်ဖုန်စုပ်စက်ကို စတင်ရောင်းချခဲ့ပါတယ်၊ အဲဒီစက်က AI နဲ့ အာရုံခံကိရိယာတွေကို ပေါင်းစပ်ပြီး လက်တံက အတားအဆီးတွေကို ဖယ်ရှားကာ ဖုန်စုပ်ပေးတာ ဖြစ်ပါတယ်။
Honor က အဲဒီထုတ်ကုန်ကို “robot phone” လို့ ခေါ်ဝေါ်နေပြီး AI ပါဝင်မယ်လို့ ပြောခဲ့ပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ မပြောသေးပါဘူး။
ကုမ္ပဏီက ပြောတာကတော့၊ သူတို့ရဲ့ စမတ်ဖုန်းအသုံးပြုသူတွေကို ဓာတ်ပုံရိုက်ဖို့ ကင်မရာကို ပိုကောင်းအောင် ဘယ်လိုထားရမလဲဆိုတဲ့ အကြံပြုချက်တွေ ရယူဖို့ ကူညီပေးတဲ့ AI tool တွေ ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ Honor ဟာ AI Device Company ဖြစ်အောင် လာမယ့်ငါးနှစ်အတွင်း ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲဖို့ စီစဉ်ထားပါတယ်။
Ref : cnbc