ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက Honor ကနေ Mid Range 5G စမတ်ဖုန်းအသစ်ဖြစ်တဲ့ Honor X10 5G ကို မိတ်ဆက်ခဲ့ပြီး အခုအချိန်မှာတော့ တရုတ်နိုင်ငံတွင်းမှာ ပထမဆုံးအနေနဲ့ စတင်ရောင်းချခဲ့ပါတယ်။ အခုလိုမျိုး ပထမဆုံးရောင်းချတဲ့အချိန်မှာ ရောင်းအားအရမ်းကောင်းခဲ့သလို Honor ရဲ့ တရားဝင်ထုတ်ပြန်ချက်အရ ၈ မိနစ်အတွင်းမှာ ဖုန်းအလုံးရေ ၁ သိန်းအထိ ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

Honor X10 5G ဖုန်းဟာ စျေးနှုန်းအနေနဲ့ RAM 6GB + 64GB ကို 1,899 Yuan (မြန်မာငွေ ၃ သိန်း ၇ သောင်းဝန်းကျင်) ၊ RAM 6GB + 128GB ကို 2,199 Yuan (မြန်မာငွေ ၄ သိန်း ၃ သောင်းဝန်းကျင်) နဲ့ RAM 8GB + 128GB ကို 2,399 Yuan (မြန်မာငွေ ၄ သိန်း ၇ သောင်းဝန်းကျင်) နဲ့ ရောင်းချတာဖြစ်ပါတယ်။ အရောင်တွေအနေနဲ့ကတော့ Probing Black ၊ Racing Blue နဲ့ Lightspeed Silver ဆိုပြီး ၃ မျိုးထုတ်လုပ်ထားတာဖြစ်ပါတယ်။

Specification တွေအရတော့ Honor X10 5G ဖုန်းဟာ 6.63″ Full HD+ LCD Display ကို အသုံးပြုထားပြီး Notch မပါတဲ့ Pop-up Selfie Camera ကို အသုံးပြုထားတာဖြစ်ပါတယ်။ Refresh Rate အနေနဲ့ 90Hz အထိပါဝင်မှာဖြစ်သလို Touch Sampling Rate ကိုလည်း 180Hz အထိ Support ပေးနိုင်တယ်လို့ သိရပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာလည်း Kirin 820 5G Chipset ကြောင့် လက်ရှိ Mid Range ဖုန်းတွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံးလို့တောင် ပြောလို့ရပါတယ်။

Camera ပိုင်းမှာလည်း 40MP Sony IMX600 RYYB Primary Sensor ၊ 8MP Ultrawide Sensor ၊ 2MP Depth Sensor တွေပါဝင်တဲ့ Triple Camera Setup ကို ထည့်သွင်းပေးထားပြီး Pop-up Selfie Camera ကိုတော့ 16MP Sensor ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ Battery အနေနဲ့ 4300mAh Battery ပါဝင်မှာဖြစ်သလို 22.5W Fast Charging ကိုလည်း Support ပြုလုပ်ထားပါတယ်။

Ref – Gizmo China