Honor ကနေ စမတ်ဖုန်းတွေအပြင် Mid Range Tablet အသစ်တွေဖြစ်တဲ့ Honor Tab 6 နဲ့ Tab X6 ကိုပါ မိတ်ဆက်လိုက်ပါပြီ။ အဆိုပါ Tablet တွေရဲ့ ထူးခြားချက်ကတော့ SMIC ကနေ ထုတ်လုပ်နေတဲ့ Kirin 710A Chipset ကို အသုံးပြုထားတာဖြစ်ပါတယ်။

အရင်ဆုံး Honor Tab 6 အနေနဲ့ကတော့ 10.1″ Full HD+ Display ပါဝင်မှာဖြစ်ပြီး အထူက 7.55mm နဲ့ 460g ပဲအလေးချိန်ရှိမှာဖြစ်ပါတယ်။ Highlight Feature အနေနဲ့ကတော့ 2.2cc Large Sound Cavity ပါဝင်တဲ့ Hisen 6.1 Sound System ပဲဖြစ်ပြီး ပုံမှန် Android Tablet တွေထက် ကောင်းမွန်တဲ့အသံအရည်အသွေးကို ပေးစွမ်းနိုင်မှာပါ။

Performance အနေနဲ့ကတော့ Kirin 710A Chipset ကိုမှ RAM 3GB သို့မဟုတ် 4GB ပါဝင်လာမှာဖြစ်သလို RAM ရွေးချယ်မှုအပေါ်မှုတည်ပြီး 32GB ၊ 64GB နဲ့ 128GB Storage ပါဝင်မယ်လို့ သိရပါတယ်။

Honor Tab X6 ကတော့ တူညီတဲ့ 10.1″ Display ကိုအသုံးပြုထားပေမယ့် HD+ Resolution ကိုပဲထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ ကျန်တဲ့အပိုင်းတွေမှာ Tab 6 နဲ့တူညီမှာဖြစ်ပြီး RAM နဲ့ Storage ပဲ RAM 3GB + 32GB သို့မဟုတ် RAM 4GB + 64GB ဆိုပြီးထွက်ရှိလာမှာဖြစ်ပါတယ်။ Honor ကတော့ Tab X6 နဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ထပ်မံထုတ်ပြန်သွားဖို့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

Honor Tab 6 ရော၊ Honor Tab X6 ပါ Wi-Fi နဲ့ LTE Version ဆိုပြီးထွက်ရှိလာမှာဖြစ်ပါတယ်။ Honor Tab 6 ကိုတော့ အနိမ့်ဆုံး 1,299 Yuan (မြန်မာငွေ ၂ သိန်းခွဲဝန်းကျင်) ကနေ အမြင့်ဆုံး 1,899 Yuan ( မြန်မာငွေ ၃ သိန်း ၇ သောင်းဝန်းကျင်) အထိရွေးချယ်နိုင်မှာပါ။ Honor Tab X6 ကိုတော့ 1,099 Yuan (မြန်မာငွေ ၂ သိန်း ၁ သောင်းဝန်းကျင်) ကနေ 1,199 Yuan (မြန်မာငွေ ၂ သိန်း ၃ သောင်းဝန်းကျင်) နဲ့ရောင်းချသွားမယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ Honor Tab 6 ကို တရုတ်နိုင်ငံအတွင်းမှာ စတင်ရောင်းချသွားနေပြီဖြစ်ပြီး Honor Tab X6 ကိုတော့ လာမယ့်သြဂုတ်လအတွင်းမှာရောင်းချသွားမယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ ယခင်တုန်းက မိတ်ဆက်ထားပြီးဖြစ်တဲ့ Honor Tab V6 အတွက် Sky Silver အရောင်အသစ်ကို မိတ်ဆက်ခဲ့ပါသေးတယ်။

Ref – Gizmo China