Honor က ၂၀၁၉ ခုနှစ်မှာ MagicWatch 2 ကို ကြေညာခဲ့ပြီး အခုတော့ နောက်မျိုးဆက်သစ်ကို ချပြတော့မှာပါ။ Honor Watch GS Pro လို့ နာမည်ပေးထားပြီး Honor ရဲ့ Weibo Page မှာ တောင်တက်တာကို ဝါသနာပါသူတွေအတွက် အထူးဖန်တီးထားတယ်လို့ ဖော်ပြထားပါတယ်။

Honor ရဲ့ ပို့စ်မှာ Watch GS Pro ကို မကြာခင် ရောင်းချမယ်လို့ အသိပေးထားပြီး ကွန်းမန့်မှာ Honor CEO George Zhao က လက်ရှိမှာ အဲဒီ စမတ်နာရီကို အသုံးပြုနေပြီး စမ်းသပ်မှုတွေ ပြုလုပ်နေတယ်လို့ ရေးသားထားပါတယ်။ စွမ်းရည်မြင့် လုပ်ဆောင်ချက်တွေ ပါလာပြီး Outdoor Sports တွေအတွက် အရမ်းကို အသုံးဝင်ပါတယ်။

စမတ် လုပ်ဆောင်ချက်တွေကို ပိတ်ထားမယ်ဆိုရင် Honor MagicWatch 2 ရဲ့ ဘက်ထရီ သက်တမ်းက ၁၄ ရက် ဖြစ်ပါတယ်။ စမတ်နာရီ အသစ်မှာ TomTom ရဲ့ GPS Tracking ပါလာမှာ ဖြစ်ပြီး ဘက်ထရီ သက်တမ်းကလည်း အရင်မျိုးဆက်ထက် ပိုကောင်းလာနိုင်ပါတယ်။ Huawei ဟာ မြေပုံအတွက် TomTom နဲ့ ပူးပေါင်းထားပါတယ်။

Ref ; gsmarena