Honor ကနေ အခုအချိန်မှာ Mid Range နဲ့ Entry စမတ်ဖုန်းတွေဖြစ်တဲ့ Honor 9C ၊ 9A နဲ့ 9S စမတ်ဖုန်းတွေကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။ အဆိုပါ ဖုန်းတွေကိုလောလောဆယ်မှာ Russia မှာပဲ မိတ်ဆက်ခဲ့တာဖြစ်ပြီး တခြားသောနိုင်ငံတွေမှာလည်း မကြာခင်မိတ်ဆက်မယ်လို့ ယူဆရပါတယ်။

Honor 9C စမတ်ဖုန်းက 6.39″ HD+ IPS Display ပါဝင်မှာဖြစ်ပြီး 8MP Selfie Camera ကို Punch-hole အနေနဲ့ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ Camera ပိုင်းမှာလည်း 48MP Primary Sensor အပြင် 8MP Ultrawide Sensor နဲ့ 2MP Depth Sensor တွေပါဝင်မှာပါ။

Performance ပိုင်းအနေနဲ့ကတော့ Kirin 710A Chipset ကိုအသုံးပြုထားပြီးတော့ RAM 4GB နဲ့ 64GB Storage တွေပါဝင်မှာပါ။ Battery အနေနဲ့ 4000mAh Battery ပါဝင်မှာဖြစ်ပြီး NFC လိုမျိုး Feature ကိုလည်း ထည့်သွင်းပေးထားပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ RUB 12,990 (မြန်မာငွေ ၂ သိန်းခွဲဝန်းကျင်) ကျသင့်မှာပါ။

Honor 9A ဖုန်းကတော့ Punch-hole Display အစား Waterdrop Notch Design နဲ့ 6.3″ HD+ Display ကိုပဲဆက်လက်အသုံးပြုထားပြီးတော့ Selfie Camera အနေနဲ့ 8MP Sensor ကိုပဲ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ Back Camera ပိုင်းကိုတော့ 13MP Primary Sensor ၊ 5MP Secondary Sensor တွေထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

စွမ်းဆောင်ရည်ပိုင်းမှာတော့ MediaTek Helio P22 Chipset ကို အသုံးပြုထားပြီး RAM 3GB နဲ့ 64GB Storage ပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ကတော့ 5000mAh battery ပါဝင်မှာဖြစ်ပြီး NFC ၊ Fingerprint Sensor တွေလည်း ပါဝင်ဦးမှာပါ။ စျေးနှုန်းအနေနဲ့ RUB 10,990 (မြန်မာငွေ ၂ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

နောက်ဆုံး Honor 9S စမတ်ဖုန်းကတော့ စျေးအသက်သာဆုံးဖြစ်ပြီး 5.45″ HD+ Display ကိုအသုံးပြုထားတာဖြစ်ပါတယ်။ Camera အနေနဲ့ကတော့ Single 8MP Sensor နဲ့ 5MP Selfie Camera ပဲပါဝင်မှာပါ။

စွမ်းဆောင်ရည်ပိုင်းမှာတော့ MediaTek Helio P22 Chipset ကို RAM 2GB ၊ 32GB Storage တွေထည့်သွင်းပေးထားပြီးတော့ Battery အနေနဲ့လည်း 3020mAh Battery ပဲပါဝင်မှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ RUB 6,990 (မြန်မာငွေ ၁ သိန်း ၃ သောင်းဝန်းကျင်) ပဲကျသင့်မှာပါ။

အခု Honor 9 Series စမတ်ဖုန်းတွေအကုန်လုံးဟာ Android 10 ကို အခြေခံထားတဲ့ Magic UI 3.1 ကိုအသုံးပြုထားတာဖြစ်ပါတယ်။ ဒါပေမယ့် Google Mobile Services ကတော့ ပါဝင်မှာမဟုတ်တော့ဘဲ Huawei Mobile Services (HMS) ပဲပါဝင်မှာပါ။

Ref – GSM Arena