Honor ဟာ MagicBook နာမည်နဲ့ Laptop တွေကို အများအပြားမိတ်ဆက်နေတယ်ဆိုပေမယ့် အရင်တုန်းကတော့ Gaming Laptop ကို မိတ်ဆက်ထားခြင်းမရှိသေးပါဘူး။ ဒါပေမယ့် အခုနောက်ဆုံးအနေနဲ့ Hunter V700 ဆိုပြီး နာမည်ပေးထားတဲ့ Gaming Laptop အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

အဆိုပါ Hunter V700 Gaming Laptop ဟာ Aluminum Body ၊ RGB Backlit Logo ၊ Full Size Keyboard တွေပါဝင်ပြီးတော့ Design ပိုင်းအရတော်တော်လေးကို လှပနေတာဖြစ်ပါတယ်။ Performance ပိုင်းအနေနဲ့ကတော့ 10th Gen Intel i5-10300H သို့မဟုတ် i7-10750H Processor တွေကို အသုံးပြုထားတယ်လို့ သိရပါတယ်။

RAM အနေနဲ့ကတော့ 16GB DDR4 RAM ကို အသုံးပြုထားပြီး Storage အနေနဲ့ 512GB သို့မဟုတ် 1TB NVMe SSD တွေကို ရွေးချယ်နိုင်မှာပါ။ Display အနေနဲ့ကတော့ 16.1″ 144Hz Refresh Rate Display ကို အသုံးပြုပေးထားပြီးတော့ Full HD Resolution နဲ့ 100% sRGB Color Accuracy ရှိမှာလည်းဖြစ်ပါတယ်။ ဘေးဘောင်တွေက 4.7mm ပဲရှိမယ့်အပြင် Audio ပိုင်းမှာလည်း Nahimic 3D Audio ကို Support ပြုလုပ်မယ်လို့ သိရပါတယ်။

ကျန်တဲ့ Port တွေအနေနဲ့လည်း USB-C ၊ USB-3.2 ၊ USB 2.0 ၊ HDMI 2.0 နဲ့ Ethernet Port တွေပါ ပါဝင်မှာဖြစ်ပြီး Wi-Fi 6 ကိုပါ Support ပြုလုပ်မှာပါ။ Battery အနေနဲ့ 56Wh Battery ပါဝင်ပြီးတော့ အထူအနေနဲ့ 19.9mm ပဲရှိနေမှာပါ။

စျေးနှုန်းအနေနဲ့ကတော့ Intel Core i5 Version ကို 512GB SSD ၊ Nvidia GTX 1660Ti GPU ကို 7,499 Yuan (မြန်မာငွေ ၁၄ သိန်းခွဲဝန်းကျင်) ၊ i7 Version ကို 512GB SSD နဲ့ Nvidia RTX 2060 GPU ကို 8,499 Yuan (မြန်မာငွေ ၁၆ သိန်းခွဲဝန်းကျင်) နဲ့ အမြင့်ဆုံး i7 Version ကို 1TB SSD နဲ့ Nvidia RTX 2060 GPU ကိုတော့ 9,999 Yuan (မြန်မာငွေ ၁၉ သိန်းခွဲဝန်းကျင်) ဆိုပြီး ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena