Honor က တရုတ်မှာ Foldable ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ ဒီလ အစောပိုင်းက IFA Berlin မှာ ပြသခဲ့တဲ့ Honor V Purse ဖြစ်ပြီး ပိုက်ဆံအိတ်လို ကိုင်နိုင်တဲ့ ဖက်ရှင် အသားပေး ဖုန်း ဖြစ်ပါတယ်။ ဒါပေမယ့် ပိုက်ဆံအိတ်လိုတော့ ပိုက်ဆံနဲ့ တခြား ပစ္စည်းတွေ ထည့်လို့ မရပါဘူး။

Honor V Purse launches in China: a thin and light outward foldable with a unique style

Honor V Purse ဟာ အပြင်ဘက်ကို ခေါက်ချိုးတဲ့ ဖုန်း ဖြစ်ပြီး ခေါက်ချိုးထားရင် အထူက ၈.၆ မီလီမီတာပဲ ရှိပါတယ်။ ကုမ္ပဏီက Hinge ဟာ မာကျောပြီး အကြိမ် ၄ သိန်း ခေါက်ချိုးနိုင်တယ်လို့ ပြောပါတယ်။ ဝတ်ဆင်ထားတဲ့ အဝတ်အစားနဲ့ လိုက်ဖက်တဲ့ ကြိုးတွေကို ပြောင်းလဲ တပ်ဆင်နိုင်ပါတယ်။

Honor V Purse launches in China: a thin and light outward foldable with a unique style

6.45” 2348x2016p ပင်မ မျက်နှာပြင် တပ်ဆင်ထားပြီး ဖြန့်ထားရင် 7.7” 2348x2016p မျက်နှာပြင် ဖြစ်သွားပါတယ်။ မျက်နှာပြင် ၂ ခုစလုံးမှာ Flexible OLED ကို သုံးထားပြီး 120Hz Refresh Rate နဲ့ 1,600 Nits Peak Brightness ထောက်ပံ့ထားပါတယ်။

Always-on Display ပါလာပြီး သုံးစွဲသူရဲ့ အဝတ်အစားနဲ့ လိုက်ဖက်တဲ့ Wallpaper တွေ ပြောင်းလဲနိုင်ပါတယ်။ Honor က AOD စတိုင်တွေကို ဒီဇိုင်းထုတ်ဖို့ အနုပညာရှင်များစွာနဲ့ ပူးပေါင်းအလုပ်လုပ်ထားပါတယ်။

Honor V Purse launches: a thin and light outward foldable with a unique style - GSMArena.com news

အနောက်ဘက်မှာ 50MP Main နဲ့ 12MP Ultrawide Angle ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

Honor V Purse concept live photo gallery - GSMArena.com news

Snapdragon 778G Chip မောင်းနှင်ထားပြီး 16GB RAM ပါလာကာ 512GB Storage အထိ ရွေးချယ်နိုင်ပါတယ်။ 35W Fast Charging ထောက်ပံ့တဲ့ 4,500mAh Battery ပါလာပြီး Android 13 အခြေပြု MagicOS 7.1 မောင်းနှင်ထားပါတယ်။

Honor V Purse ရဲ့ 16/256GB ကို ၅,၉၉၉ ယွမ်နဲ့ 16/512GB ကို ၆,၅၉၉ ယွမ် သတ်မှတ်ထားပါတယ်။ အကန့်အသတ်နဲ့ ရောင်းချမှာ ဖြစ်ပြီး တရုတ်မှာ ကြိုတင်မှာယူနိုင်ပါပြီ။ Camellia Gold, Glacier Blue နဲ့ Elegant Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina