Unicode

လက်ရှိမှာ စမတ်ဖုန်းတွေရဲ့ Camera ပိုင်းစွမ်းဆောင်ရည်ကို အကဲဖြတ်အမှတ်ပေးတဲ့ Benchmarking Website တစ်ခုဖြစ်တဲ့ DxOMark ဟာ Honor ကနေ နောက်ဆုံးထွက်ရှိထားတဲ့ Honor V30 Pro ဖုန်းကို စမ်းသပ်ပြီး ရမှတ် ထုတ်ပြန်ခဲ့ပါတယ်။ ပုံမှန်အားဖြင့် Honor ဖုန်းတွေဟာ Camera ပိုင်းမှာ အကောင်းဆုံးဆိုတဲ့နေရာကို ရရှိခြင်းမရှိပေမယ့်လည်း Honor V30 Pro ကတော့ လက်ရှိ DxOMark မှာ ဒုတိယမြောက် ကင်မရာအကောင်းဆုံးဖုန်းအနေနဲ့ သတ်မှတ်ခံခဲ့ရပါတယ်။

Honor V30 Pro စမတ်ဖုန်းဟာ ရမှတ်အနေနဲ့ Total Score 122 Marks ရရှိခဲ့ပြီးတော့ Huawwei Mate 30 Pro 5G ရဲ့ အနောက်မှာ ဒုတိယအနေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ ပုံမှန် Huawei Mate 30 Pro ဖုန်းနဲ့ Xiaomi Mi Note 10 ဖုန်းတွေကတော့ 121 Marks နဲ့ တတိယနေရာကို ရောက်ရှိသွားတာလည်းဖြစ်ပါတယ်။ အဲ့ဒါကြောင့် လက်ရှိ DxOMark ရဲ့ ထိပ်ဆုံးစမတ်ဖုန်း ၃ လုံးကို Huawei နဲ့ ဆက်စပ်တဲ့စမတ်ဖုန်းတွေကပဲ အပိုင်သိမ်းထားတယ်လို့တောင် ပြောလို့ရပါတယ်။

Honor V30 Pro ဟာ Photo ပိုင်းမှာဆိုရင်လည်း အထင်ကြီးစရာကောင်းလောက်အောင် ရမှတ် ၁၃၃ မှတ်ရရှိခဲ့ပြီးတော့ DxOMark ကတော့ Zoom အပိုင်းမှာ စွမ်းဆောင်ရည်အားရဖို့ကောင်းတယ်ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။ Video ပိုင်းမှာလည်း ရမှတ် ၁၀၀ မှတ်ရရှိခဲ့ပြီး Stabilization ၊ Color Reproduction နဲ့ Autofocus ပိုင်း သိသိသာသာကောင်းမွန်တယ်လို့ ပြောကြားခဲ့ပါသေးတယ်။

အဲ့ဒီအတွက် Honor ကနေ ဒီ V30 Series ဖုန်းတွေမှာ အသုံးပြုထားတဲ့ Matrix Camera Technology က Huawei Flagship Series တွေရဲ့ LEICA နီးပါး ကောင်းမွန်လာတယ်လို့ ပြောရမှာပါ။ Honor V30 Pro ဖုန်းမှာဆိုရင် Customized Sony IMX600 RYYB 40MP f1.8 Primary Sensor အပြင် 8MP f2.4 Telephoto Sensor ၊ 12MP f2.2 Ultrawide Cine Lens တွေပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားတာလည်းဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Honor အနေနဲ့တော့ အခုလိုမျိုး Camera ပိုင်းမှာ ဒီလောက်အဆင့်သတ်မှတ်ခံလိုက်ရတာကတော့ တကယ်အားရဖို့ကောင်းနေပါတယ်။

Ref – Gizmo China

Zawgyi

လက္႐ွိမွာ စမတ္ဖုန္းေတြရဲ႕ Camera ပိုင္းစြမ္းေဆာင္ရည္ကို အကဲျဖတ္အမွတ္ေပးတဲ့ Benchmarking Website တစ္ခုျဖစ္တဲ့ DxOMark ဟာ Honor ကေန ေနာက္ဆုံးထြက္႐ွိထားတဲ့ Honor V30 Pro ဖုန္းကို စမ္းသပ္ၿပီး ရမွတ္ ထုတ္ျပန္ခဲ့ပါတယ္။ ပုံမွန္အားျဖင့္ Honor ဖုန္းေတြဟာ Camera ပိုင္းမွာ အေကာင္းဆုံးဆိုတဲ့ေနရာကို ရရွိျခင္းမရွိေပမယ့္လည္း Honor V30 Pro ကေတာ့ လက္ရွိ DxOMark မွာ ဒုတိယေျမာက္ ကင္မရာအေကာင္းဆုံးဖုန္းအေနနဲ႔ သတ္မွတ္ခံခဲ့ရပါတယ္။

Honor V30 Pro စမတ္ဖုန္းဟာ ရမွတ္အေနနဲ႔ Total Score 122 Marks ရရွိခဲ့ၿပီးေတာ့ Huawwei Mate 30 Pro 5G ရဲ႕ အေနာက္မွာ ဒုတိယအေနနဲ႔ ရပ္တည္ေနတာျဖစ္ပါတယ္။ ပုံမွန္ Huawei Mate 30 Pro ဖုန္းနဲ႔ Xiaomi Mi Note 10 ဖုန္းေတြကေတာ့ 121 Marks နဲ႔ တတိယေနရာကို ေရာက္ရွိသြားတာလည္းျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ လက္ရွိ DxOMark ရဲ႕ ထိပ္ဆုံးစမတ္ဖုန္း ၃ လုံးကို Huawei နဲ႔ ဆက္စပ္တဲ့စမတ္ဖုန္းေတြကပဲ အပိုင္သိမ္းထားတယ္လို႔ေတာင္ ေျပာလို႔ရပါတယ္။

Honor V30 Pro ဟာ Photo ပိုင္းမွာဆိုရင္လည္း အထင္ႀကီးစရာေကာင္းေလာက္ေအာင္ ရမွတ္ ၁၃၃ မွတ္ရရွိခဲ့ၿပီးေတာ့ DxOMark ကေတာ့ Zoom အပိုင္းမွာ စြမ္းေဆာင္ရည္အားရဖို႔ေကာင္းတယ္ဆိုၿပီး မွတ္ခ်က္ေပးခဲ့ပါတယ္။ Video ပိုင္းမွာလည္း ရမွတ္ ၁၀၀ မွတ္ရရွိခဲ့ၿပီး Stabilization ၊ Color Reproduction နဲ႔ Autofocus ပိုင္း သိသိသာသာေကာင္းမြန္တယ္လို႔ ေျပာၾကားခဲ့ပါေသးတယ္။

အဲ့ဒီအတြက္ Honor ကေန ဒီ V30 Series ဖုန္းေတြမွာ အသုံးျပဳထားတဲ့ Matrix Camera Technology က Huawei Flagship Series ေတြရဲ႕ LEICA နီးပါး ေကာင္းမြန္လာတယ္လို႔ ေျပာရမွာပါ။ Honor V30 Pro ဖုန္းမွာဆိုရင္ Customized Sony IMX600 RYYB 40MP f1.8 Primary Sensor အျပင္ 8MP f2.4 Telephoto Sensor ၊ 12MP f2.2 Ultrawide Cine Lens ေတြပါဝင္တဲ့ Triple Camera Setup ကို အသုံးျပဳထားတာလည္းျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ Honor အေနနဲ႔ေတာ့ အခုလိုမ်ိဳး Camera ပိုင္းမွာ ဒီေလာက္အဆင့္သတ္မွတ္ခံလိုက္ရတာကေတာ့ တကယ္အားရဖို႔ေကာင္းေနပါတယ္။

Ref – Gizmo China