Honor V30 Pro ဟာ အလန်းဆုံး စမတ်ဖုန်းတွေထဲက ၁ လုံး ဖြစ်ပြီး တရုတ်မှာပဲ ရောင်းပေးထားပါတယ်။ အခုတော့ MySmartPrice က မကြာခင် တရုတ် ပြင်ပမှာ ရောင်းတော့မယ်လို့ သတင်းပေးလိုက်ပါတယ်။ Google Services တွေ မပါတဲ့အတွက် အဲဒီ ဖုန်းတွေကို ဥရောပမှာ မရောင်းပေးသေးတာ ဖြစ်ပါတယ်။ အခုတော့ Huawei က HMS (Huawei Mobile Services) ကို အဲဒီ စမတ်ဖုန်းတွေအတွက် ဖန်တီးပြီးပြီ ဖြစ်ပြီး Honor V30 နဲ့ Honor V30 Pro တို့ဟာ HMS ပါတဲ့ ပထမဆုံး Honor စမတ်ဖုန်းတွေဖြစ်လာနိုင်ပါတယ်။

အဲဒီ စမတ်ဖုန်းတွေကို ဥရောပမှာ နောက် ၁ ပတ်ရောင်းပေးတော့မှာ ဖြစ်ပြီး Huawei ID, Huawei Mobile Cloud , Huawei AppGallery , Huawei Video , Huawei Themes , Huawei ScreenMagazine နဲ့ Huawei Browser တို့လို Huawei Services တွေ ထည့်သွင်းထားပါတယ်။

HMS ကို နောက်ပိုင်းမှာ Huawei နဲ့ Honor စမတ်ဖုန်းတွေမှာ ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။ Google Mobile Services တွေကို Huawei Mobile Services တွေက အမှီလိုက်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref : gsmarena