Honor V40 5G မှာ 50MP ပင်မ ကင်မရာ ပါမယ်လို့ သတင်းတွေထွက်နေပြီး အခုတော့ Honor က ဒီသတင်းကို ဝီဘိုမှာ ဗီဒီယို ၁ ခုနဲ့ အတည်ပြုလိုက်ပါတယ်။ ဗီဒီယိုမှာ အဲဒီ စမတ်ဖုန်းရဲ့ Low-light စွမ်းဆောင်ရည်ကို အသားပေး ပြသထားပါတယ်။

တရားဝင် ပိုစတာ ၁ ခုအရ Honor V40 5G မှာ 50MP ပင်မ ကင်မရာနဲ့အတူ 8MP Ultrawide , 2MP Laser Focus Sensor , 2MP Macro ကင်မရာတွေနဲ့ အားဖြည့်ထားမှာ ဖြစ်ပါတယ်။

Honor V40 5G will feature a 50MP quad camera
အဲဒီ ပိုစတာက တရုတ်လိုရေးသားထားတဲ့ စာကို ဘာသာပြန်ကြည့်တဲ့အခါ  Honor V40 5G မှာ လူ့မျက်လုံးလို အာရုံခံမှု အရမ်းကောင်းတဲ့ မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး ၁.၀၇ ဘီလီယမ် အရောင်တွေ ထောက်ပံ့နိုင်ပါတယ်။ ပေါက်ကြားသတင်းတွေအရ Honor V40 5G မှာ 90Hz or 120Hz Refresh Rate ထည့်သွင်းထားမယ်လို့ သိရပါတယ်။

Honor က V40 5G ရဲ့ သတင်းအချက်အလက် အသေးစိတ်ကို မပြောသေးပေမယ့် Dimensity 1000+ SoC မောင်းနှင်ထားမယ်လို့ သတင်းထွက်နေပါတယ်။ ဒါ့အပြင် 66W Wired Charging နဲ့ 50W Wireless Charging တွေ ထောက်ပံ့ထားနိုင်ပါတယ်။ ဒီလ ၁၈ ရက်နေ့ မိတ်ဆက်ပွဲ မတိုင်ခင် Honor V40 5G ရဲ့ သတင်းအချက်အလက်တွေ ထပ်မံထွက်လာနိုင်ပါတယ်။

Ref : gsmarena