Honor V40 Series စမတ်ဖုန်းတွေဟာ အစောပိုင်းတုန်းက ယခု ဒီဇင်ဘာလအတွင်းမှာ မိတ်ဆက်သွားဖို့ စီစဥ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Huawei ကနေ Honor ကို ရောင်းချလိုက်တဲ့အတွက် Kirin Chipset တွေကို အသုံးပြုနိုင်ခြင်းမရှိတော့တာကြောင့် လာမယ့် ဇန်နဝါရီလကို နှောင့်နှေးသွားတယ်လို့ သိရပါတယ်။

အခုအချိန်မှာတော့ အဆိုပါ Honor V40 Series ဖုန်းတွေဟာ တရုတ်နိုင်ငံရဲ့ MIT Certification ကို ရရှိခဲ့ပြီးဖြစ်သလို ပါဝင်လာမယ့် Specification အချို့ကိုလည်း သိရှိခဲ့ရပြီဖြစ်ပါတယ်။ ယခုသတင်းကို Digital Chat Station ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Honor V40 ရဲ့ Model Number က YOK-AN10 လို့ပေးထားတယ်လို့ သိရပါတယ်။

Honor V40 စမတ်ဖုန်းရဲ့ Battery Capacity ကိုတော့ အသေးစိတ်မသိရှိရသေးပေမယ့် Fast Charging အနေနဲ့ 66W Fast Charging ကို Support ပြုလုပ်မှာဖြစ်ပါတယ်။ ဒါက လက်ရှိ Huawei Mate 40 Pro စမတ်ဖုန်းတွေနဲ့ ဆင်တူပြီးတော့ ယခင်ထက် တော်တော်လေးကို ပိုပြီးမြန်ဆန်လာမှာပါ။

Honor V40 ဖုန်းဟာ MediaTek ရဲ့ Dimensity 1000+ Chipset ကို အသုံးပြုလာမှာဖြစ်ပြီး Display အနေနဲ့လည်း 120Hz Refresh Rate ပါဝင်တဲ့ OLED Display ကို ထည့်သွင်းထားမှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့လည်း 50MP Sony IMX700 RYYB Primary Sensor ကို အသုံးပြုလာမှာဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာတော့ တော်တော်လေးကို ကောင်းမွန်လာမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China