Honor ဟာ လာမယ့် ဇန်နဝါရီလထဲမှာ သူတို့ရဲ့ ထုတ်ကုန်သစ်ဖြစ်တဲ့ Honor V40 ကို မိတ်ဆက်လာမယ်လို့ မျှော်လင့်ရပါတယ်။ Honor V40 ရဲ့ Render ပုံတွေ ထွက်ထားသလို၊ အခြားပေါက်ကြားသတင်းတွေကလည်း ဒီဟန်းဆက်နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကို ဖော်ပြနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီတစ်ခါထွက်ပေါ်လာတာကတော့ Honor V40 ရဲ့ အရှေ့ဘက်မျက်နှာပြင်ဒီဇိုင်းကို အတည်ပြုနိုင်မယ့် Tempered glass protector ရဲ့ ဓါတ်ပုံဖြစ်ပါတယ်။ ဒီပုံကို Weibo အသုံးပြုသူတစ်ယောက်က လွှင့်တင်ခဲ့တာပါ။ ပုံမှာမြင်တွေ့ရတာကတော့ မျက်နှာပြင်ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာ Dual-selfie ကင်မရာအတွက် Punch-hole ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Tempered glass ဟာ Curved ပါရှိတာကိုတွေ့မြင်ရတာကြောင့် Honor V40 ရဲ့ မျက်နှာပြင်ဟာ Curved display ဆိုတာကို ထပ်ပြီးအတည်ပြုနိုင်ခဲ့ပြန်ပါတယ်။ ဒီပုံကိုတင်လိုက်တဲ့ အကောင့်ပိုင်ရှင်ကတော့ Honor V40 ဟာ ဒီအမှတ်တံဆိပ်ရဲ့ ပထမဦးဆုံး OLED screen အသုံးပြုထားတဲ့ V စီးရီး ဖုန်းဖြစ်လာမယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။

Honor V40 ရဲ့ မျက်နှာပြင်ဟာ မကြာသေးခင်က ကြေညာခဲ့တဲ့ Huawei Nova 8 Pro ရဲ့ မျက်နှာပြင်နဲ့ တူညီမယ်လို့ ခန့်မှန်းဖော်ပြချက်တွေလည်း ရှိနေပါတယ်။ ဒါကြောင့် Honor V40 ရဲ့ မျက်နှာပြင်ဟာ 6.72-inch OLED ဖြစ်နိုင်ပါတယ်။ SoC ကတော့ Dimensity 1000+ ဖြစ်ပြီး၊ 4,200mAh ဘက်ထရီ 66W အမြန်အားသွင်းစနစ် ပါဝင်မယ်လို့ သိရပါတယ်။

ထွက်ပေါ်ထားတဲ့သတင်းတွေအရဆိုရင်တော့ Honor V40 ဟာ 8GB of RAM, 256GB storage တွဲဖက်ထားပြီး၊ 270Hz ထက်ပိုမြင့်မားတဲ့ Touch sampling rate နဲ့ထွက်လာနိုင်ပါတယ်။

Ref: Gizmochina