Honor အမှတ်တံဆိပ်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလ အစောပိုင်းကစပြီး Huawei ရဲ့ လက်အောက်ကနေ ခွဲထွက်သွားခဲ့ရပြီ ဖြစ်ပါတယ်။ သီးသန့်အမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်လာပြီဖြစ်တဲ့ Honor ဟာ မတူညီတဲ့မဟာဗျူဟာတွေ၊ စီမံကိန်းတွေနဲ့ ရှေ့ဆက်သွားရမှာဖြစ်တဲ့အတွက် ဘယ်လိုအပြောင်းအလဲတွေ မြင်တွေ့ရမလဲဆိုတာကို စောင့်ကြည့်ခြင်းခံနေရတာလည်း ဖြစ်ပါတယ်။

Huawei နဲ့မသက်ဆိုင်တော့တဲ့အချိန် ပွဲဦးထွက်မိတ်ဆက်မယ့် Honor စမတ်ဖုန်းဟာ Honor V40 ဖြစ်မယ်လို့ ကောလာဟလထွက်နေခဲ့သလို၊ ဒီဟန်းဆက်နဲ့ပတ်သက်တဲ့ အချက်အလက်အတော်များများလည်း ပေါ်ပေါက်ခဲ့ပြီး ဖြစ်ပါတယ်။ V40 နဲ့ပတ်သက်ပြီး ဒီတစ်ခါထွက်ပေါ်လာတဲ့သတင်းကတော့ အတော်လေးကို ကွဲပြားခြားနားတယ်လို့ ဆိုရပါလိမ့်မယ်။

ယိုစိမ့်ထွက်ပေါ်လာတဲ့ Render ပုံရိပ်အရ Honor V40 ဟာ ကျောဘက်မှာ စက်ဝိုင်းပုံစံကင်မရာအိမ်နဲ့အတူ ကင်မရာလေးလုံးတပ်ဆင်ထားတာကို တွေ့မြင်ရပါတယ်။ အရှေ့ဘက်မှာလည်း Curve screen ကိုမြင်တွေ့ရပြီး၊ အနားနှစ်ဖက်လုံး ကွေးခုံးနေတာလည်း ဖြစ်ပါတယ်။ Pill-shaped ပုံစံ Hole ထဲမှာတော့ Selfie ကင်မရာနှစ်လုံးကို နေရာချထားတာလည်း တွေ့ရပါတယ်။

အနီးကပ်ကြည့်တဲ့အခါ ကင်မရာနဲ့ပတ်သက်တဲ့အချက်အလက်တွေအဖြစ်၊ MATRIX CAMERA ASPHNELS, Laser AF, QUAD 2.0u စတဲ့ စာသားတွေကိုလည်း တွေ့မြင်ရပါတယ်။ ဒါကြောင့် V40 မှာ Leica က Aspherical lens ကို တပ်ဆင်ထားတယ်လို့ ဆိုနိုင်ပါတယ်။ ကင်မရာတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေတော့ မသိရသေးတာကြောင့် ဆက်လက်စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

Ref: GSM Arena