Honor X10 5G စမတ်ဖုန်းကို လာမယ့်အပတ်မှာ မိတ်ဆက်သွားမှာဖြစ်ပြီး ကင်မရာ Sample ပုံတွေလည်း တရားဝင်ထုတ်ပြထားပြီးဖြစ်ပေမယ့် ကင်မရာရဲ့အချက်အလက်တွေကိုတော့ အတိအကျမသိရသေးပါဘူး။ ယနေ့မှာတော့ ပဟေဠိဖြစ်နေတဲ့ ကင်မရာအချက်အလက်တွေကို Weibo ပိုစ့်တစ်ခုကနေ မြင်တွေ့လာရပါပြီ။

X10 မှာပါမယ့် အဓိက Sensor ယူနစ်ဟာ RYYB Filter တစ်ခုနဲ့ 40MP Sony IMX600y ဖြစ်ပါတယ်။ သူ့ကို 8MP Ultrawide ကင်မရာနဲ့ 2MP Dedicated Macro ယူနစ်တို့ဖြင့် တွဲဖက်ထားမှာပါ။ Honor 10X Pro 5G မှာ 5x Optical Zoom နဲ့ 8MP Periscope ကင်မရာတစ်ခုအပိုပါလာမှာပါ။

ကင်မရာအချက်အလက်တွေက Honor 30 စီးရီးနဲ့ ဆင်တူနေပေမယ့် X10 ဖုန်းနှစ်လုံးမှာ ကွဲပြားချက်အနေနဲ့ Pop-up ဆဲလ်ဖီးကင်မရာတွေ အသုံးပြုလာမှာဖြစ်ပါတယ်။ နှစ်မျိုးစလုံးက 16MP Sensor တွေဖြစ်ပြီး Pro ဗားရှင်းမှာတော့ OIS အပိုပါမှာပါ။

Pro မော်ဒယ်ရဲ့အားသာချက်တွေက ဒီလောက်နဲ့ရပ်မသွားဘဲ ရိုးရိုး X10 မှာ 60Hz Refresh Rate သာပါဝင်ချိန်မှာ သူက 90Hz ရရှိဦးမှာဖြစ်ပါတယ်။ ဖုန်းနှစ်လုံးရဲ့ Display ကတော့ 6.63” LCD Panel တွေဖြစ်ပြီး Kirin 820 5G ချစ်ပ်ဆက် ကိုပဲ အသုံးပြုလာမှာပါ။

ဘက္ထရီကလည်း 4,200 mAh ကို 22.5W အားသွင်းစနစ်နဲ့ပဲဖြစ်ပေမယ့် Pro ဗားရှင်းက 20W ကြိုးမဲ့အားသွင်းစနစ်ပိုပါလာဦးမှာပါ။ Honor X10 နဲ့ X10 Pro ဖုန်းနှစ်လုံးကို လာမယ့်မေ ၂၀ ရက်နေ့မှာ မိတ်ဆက်လာမှာ ဖြစ်ပါတယ်။

Ref – GSMArena