Honor က X50 GT ကို ကြေညာလိုက်ပြီး Snapdragon 8+ Gen 1 Chipset ထည့်သွင်းထားပါတယ်။ ဒီဈေးတန်းမှာ စွမ်းဆောင်ရည် အကောင်းဆုံး ဖုန်းလို့ ကုမ္ပဏီက ပြောပါတယ်။ အဲဒီဖုန်းဟာ Honor X50 Pro နဲ့ များစွာ တူညီပေမယ့် ပိုများတဲ့ RAM /Storage နဲ့ အနောက်ဘက်မှာ Racing Stripe ပါလာပါတယ်။

Honor X50 GT comes with a big battery and 16 GB RAM

Pro နဲ့ GT မှာ 6.78” AMOLED 1220p မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ X50 GT အတွက် 16GB RAM ထည့်သွင်းထားပြီး 256GB, 512GB နဲ့ 1TB Storage တွေ ရွေးချယ်နိုင်ပါတယ်။

အနောက်ဘက်မှာ ကြီးမားတဲ့ ကင်မရာ Island ပါလာပြီး 108MP  နဲ့ 2MP Depth ကင်မရာတွေ တပ်ဆင်ထားကာ LED Flash ၂ လုံး ပါပါတယ်။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။

Honor X50 GTHonor X50 GT

X50 GT မှာ အပူ လျှော့ချပေးဖို့ Vapor Chamber နဲ့ 5,100 sq. mm Cooling Area ထည့်သွင်းထားပါတယ်။ 35W Wired Charging ထောက်ပံ့တဲ့ 5,800mAh Battery ပါပါတယ်။

Android 13 အခြေပြု MagicOS 7.2 မောင်းနှင်ထားပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ၊ NFC နဲ့ IP53 စံနှုန်း ထည့်သွင်းထားပါတယ်။ နားကြပ်ပေါက်တော့ မပါပါဘူး။

Honor X50 GT ကို တရုတ်မှာ ရောင်းချလိုက်ပြီ ဖြစ်ပြီး အနက်နဲ့ ငွေရောင် ထုတ်လုပ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၂၈၀ ဒေါ်လာနဲ့ တန်ဖိုးအများဆုံး မော်ဒယ်ကို ၃၉၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena